ဗီလာနဲ့ ပွဲမှာ ပရီးမီးယားလိဂ်သမိုင်းနဲ့ ချီပြီး ပထမဆုံး အကြိမ်အဖြစ် မန်ယူအသင်း အဝတ်စား ပြောင်းလဲ ဝင်ဆင်ခဲ့ရ

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက အက်စတွန်ဗီလာအား အနိုင်ရတဲ့ပွဲမှာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် မူလ ဝတ်စုံနဲ့ မတူညီတဲ့ အနီရောင်ဘောင်းဘီကို ပြောင်းလဲ ဝတ်ဆင် ကစားလာပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ အက်စတွန်ဗီလာအား အဝေးကွင်းသို့ သွားရောက်ကစားရတဲ့ပွဲမှာ တတိယဝတ်စုံဝတ်ဆင်ခဲ့ပေမဲ့လည်း အနီရောင်ဘောင်းဘီ ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ၂၀၂၃-၂၄ ရာသီ တတိယဝတ်စုံမှာ အနီရောင်ပါ အဖြူရောင်ဝမ်းဆက်ဝတ်စုံ ဖြစ်ပါတယ်။
တဖက်မှာ အိမ်ရှင် ဗီလာကလည်း အဖြူရောင်ဘောင်းဘီ ဝတ်ဆင်ပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်ဟာ တတိယဝတ်စုံကို ဝတ်ဆင်ခဲ့ပေမဲ့လည်း အနီရောင်ဘောင်းဘီ ဝတ်ဆင်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ မနေ့ညက ဗီလာပွဲမတိုင်မီအထိ ၁၉၅၇ ခုနှစ်နောက်ပိုင်းမှာ အနီရောင်ဘောင်းဘီ ဝတ်ဆင်လာခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် ယူနိုက်တက်ဟာ ကလပ်သမိုင်းမှာ အဖြူရောင်အင်္ကျီ၊ အနီရောင်ဘောင်းဘီတို့ကို တပြိုင်တည်း တခါမျှ မဝတ်ဆင်ဖူးပါဘူး။

ယူနိုက်တက်ပရိသတ်တွေကတော့ အဖြူရောင်အင်္ကျီနှင့် အနီရောင်ဘောင်းဘီ ဝမ်းဆက်ကို နှစ်သက်သဘောကျလျက် ရှိနေကြပါတယ်။