ပရီးမီးယားလိဂ် ၂၄ ပွဲ ပြီးတဲ့နောက် စူပါကွန်ပျူတာ ဖော်ပြလာတဲ့ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အလားအလာ

ပြီးခဲ့တဲ့ ပွဲမှာ အက်စတွန် ဗီလာကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် မန်ယူရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် Top 4 တစ်နေရာ မျှော်လင့်ချက်ဟာ ပိုမိုရှင်သန်လာပါတယ်။

ဒါပေမဲ့ Opta ရဲ့ စူပါကွန်ပျူတာကတော့ မန်ယူရဲ့ ချန်ပီယံလိဂ် အခွင့်အရေးကို သိပ်အများကြီး မပေးထားပါဘူး။

ဗီလာက အိမ်ကွင်းမှာ မန်ယူကို အရေနိမ့်ခဲ့ရတယ်ဆိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းမှာ ကိုယ့်ကြမ္မကိုယ်ဖန်တီးနိုင်ခွင့်ရှိထားပါတယ်။

နည်းပြ အမ်မရီရဲ့အသင်းဟာ ယူနိုက်တက်ထက် ၅ မှတ်ပိုများသလို သူတု့ိအထက် အဆင့် ၄ နေရာက စပါးနဲ့လည်း ၁ မှတ်သာ ကွာတာပါ။

ကစားသမားနဲ့ အသင်းတွေရဲ့စွမ်းဆောင်မှုအချက်အလက်တွေကို စုဆောင်းဖော်ပြတဲ့ Opta ရဲ့စူပါကွန်ပျူတာဟာ ဗီလာနိုင်ပွဲအပြီးမှာ မန်ယူရဲ့ချန်ပီယံလိဂ်အခွင့်အရေးကို ၅ ရာခိုင်နှုန်းပဲ တိုးပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီရာသီပရီးမီးယားလိဂ်မှာ အဆင့် ၅ ရတဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် အပို ထပ်ဆောင်း တစ်နေရာ ကိုလည်း ရနိုင်တာပါ။

လောလောဆယ်တော့ မန်ယူရဲ့ချန်ပီယံလိဂ်ဝင်ခွင့်အခွင့်အရေးက ၂၁.၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ထိပ်ဆုံး ၃ သင်းဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ကတော့ လာမယ့်ရာသီ ချန်ပီယံမှာ ပါဝင်ခွင့်ရဖို့ သေချာသလောက်နီးပါးပါ။

အဆင့် ၄ နေရာက စပါးဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အခွင့်အရေး ၈၇ ရာခိုင်နှုန်း ပေးခံထားရပါတယ်။

စူပါကွန်ပျူတာရဲ့တွက်ချက်မှုအရ ဗီလာဟာလည်း အခွင့်အရေးအနေနဲ့ ၇၆.၄ ရာခိုင်နှုန်းရှိနေတာပါ။

ဒါကြောင့် လက်ရှိ အနေအထားမှာတော့ ထိပ်ဆုံး ၄ နေရာထဲ မန်ယူအသင်း ဝင်နိုင်ဖို့က မလွယ်သေးပါဘူး။