ဒီဂျောင် ရောင်းဈေး၊ ပစ်မှတ် အဲဗာတန် နောက်ခံလူ၊ နိုင်ငံရွေးဆဲ မိုင်နူးနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
ယူနိုက်တက် ကာလရှည် ပစ်မှတ်ထားခဲ့တဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်ကို ဘာစီလိုနာက ပေါင် သန်း ၉ဝ လို့ ဈေးနှုန်း သတ်မှတ်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ချိန်ရွယ်နေတဲ့ အဲဗာတန် နောက်ခံလူ Jarrad Branthwaite ကို ဝင်ရောက် ခေါ်ယူနိုင်မယ် လို့ စပါးအသင်းက ယုံကြည်မှု ရှိနေပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားကို ရဖို့ လိုအပ်တဲ့ အသုံးစရိတ်ကိုလည်း စပါးက မြှင့်တင်ဖို့ စီစဉ်နေပါတယ်။

ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး မိုင်နူးဟာ အင်္ဂလန် နည်းပြ ဆောက်ဂိတ်နဲ့ ပြောဆို ဆွေးနွေးပြီးပေမယ့် အင်္ဂလန်လား ဂါနာလား လက်ရွေးစင် အသင်း ရွေးချယ်ခွင့်ကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဟော့ဂျ်လန်း ကတော့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ သူတွေအနက် အကောင်းဆုံး ကစားသမားက ဘယ်သူလဲလို့ အမေးခံလိုက်ရတဲ့ အခါ ဘရူနို ဖာနန်ဒက်စ် ဒါမှမဟုတ် ရက်ဖို့ဒ် ဖြစ်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
မန်ယူ ရှယ်ယာရှင်သစ် ရက်ကလစ်ဖ်ဟာ ကလပ်အား လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ နောက်ခံလူ မက်ဂွါရီက ယုံကြည်ထားပါတယ်။