တန်းဆင်းဇုန် ရုန်းအားနဲ့ လူတန်ကို မန်ယူ အဝေးကွင်းမှာ မနိုင်ဘူး ဆိုတဲ့ ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ပွဲကြို ဟောကိန်းထုတ်ချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ လူတန်တောင်း အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကစားမှာကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် ကတော့ လူတန် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြိုသုံးသပ်ချက်

ဒီပွဲက လူတန်အတွက် အရေးကြီးတဲ့ပွဲပါ သူတို့ တန်းဆင်းဇုန်က ရှက်ဖီးကို ရှုံးခဲ့မယ်လို့ ဘယ်သူကမှ မထင်ခဲ့ပါဘူး။ ဒီပွဲကတော့ သူတို့တွေ တန်းဆင်းဇုန်နဲ့ အဝေးကို ပြေးဖို့ အခွင့်အရေးဆိုပေမယ့် သူတို့ ယူနိုင်မလားပါပဲ။

လူတန်ဟာ ဒီရာသီ အိမ်ကွင်းမှာ အသင်းကြီးတွေကို ဧည့်ခံကစားရာမှာ စွမ်းဆောင်ရည် ကောင်းပါတယ်။ ဒီပွဲမှာလည်း တူညီတဲ့ စွမ်းဆောင်ရည်မျိုး မြင်ရမယ်လို့ ထင်ပါတယ်။

နိုဝင်ဘာတုန်းက အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်က လူတန်ကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပိုပြီး အကြိတ်အနယ် ရှိလာပါလိမ့်မယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

လူတန်တောင်း ၂-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။