စနေည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ချက်စတာ ယူနိုက်တက် – ဖူလ်ဟမ်ပွဲ အတွက် ပေါမာဆန်ကြီး ခန့်မှန်း ဟောကိန်းထုတ်

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဖူလ်ဟမ် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ ပွဲ အတွက် ခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက်က အမြဲတမ်း နိုင်နေတော့မယ့် အသင်းလိုပါပဲ။ အက်စတွန်ဗီလာနဲ့ ပွဲတုန်းက သူတို့က ပိုကောင်းနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် နိုင်ပွဲ ရအောင် ယူသွားနိုင်ခဲ့တယ်။ လူတန်ကလည်း သူတို့ကို လွှမ်းမိုး ကစားနိုင်ခဲ့သေးတယ်။ ဒါပေမယ့် အိုနာနာ ဂိုးကာကွယ်မှုတောင် လုပ်လိုက်ရရဲ့လား မသိဘူး။

မန်ချက်စတာ ယူနိုက်တက်က ဒီပွဲမှာ ဂိုးတွေ သွင်းဦးမှာပါ။ ဖူလ်ဟမ် အနေနဲ့လည်း ဒီပွဲကနေ အမှတ် ရချင်ရင် ဂိုး သွင်းဖို့ လိုလိမ့်မယ်။ မန်ယူနိုက်တက်မှာက တိုက်စစ် ၃ ယောက်တွဲ အခြေကျသွားပြီ။ တန်ဟက် အတွက် သူတို့က ပွဲတိုင်း ခြေစွမ်းပြနေတယ်။

ကျွန်တော် ရာမတ်စ် ဟွိုင်လန်းကို သဘောကျတယ်။ သူက စူပါစတား တစ်ဦး ဖြစ်လာမယ် လို့ ကျွန်တော် ထင်တယ်။ သူက ယူနိုက်တက် အတွက် ကောင်းကောင်း လုပ်ပြနေပါပြီ။

ဖူလ်ဟမ်က အဝေးကွင်း ပွဲတွေကနေ ၇ မှတ်သာ ရယူထားနိုင်ပြီး အဝေးကွင်း ခြေစွမ်း ညံ့နေပါတယ်။ ဒီပွဲမှာ ယူနိုက်တက် နိုင်ဖို့ပဲ ကျွန်တော် မြင်တယ်။ ဒီနိုင်ပွဲကနေ top four ပြိုင်ပွဲထဲ သူတို့ ပြန်ဝင်မှာပါ။

ပေါမာဆန်ကြီးရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၃-ဝ ဖူလ်ဟမ် ဖြစ်ပါတယ်။

ပွဲကတော့ မနက်ဖြန် စနေနေ့ည ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။