တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်ရဲ့ ဒီအပတ် မန်ယူ – ဖူလ်ဟမ် ပွဲ အတွက် သုံးသပ် ဟောကိန်းထုတ်ချက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကစားမယ့် ချိန်ကတော့ မနက်ဖြန် စနေနေ့ည ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မန်ယူက ဒီပွဲ မကစားခင် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ၄ နေရာမှ ဗီလာနဲ့ ၅ မှတ်၊ အဆင့် ၅ နေရာမှ စပါးအသင်းနဲ့ ၃ မှတ် ကွာဟနေပါတယ်။

ဖူလ်ဟမ်ကတော့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။
ဒါကြောင့် မန်ယူက ဒီတပတ်ပွဲကိုလည်း ပုံမှန်အာရုံစိုက်ပြီး အနိုင်ကစားမယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် ၄ နေရာနဲ့ ပိုမို နီးစပ်လာနိုင်ပါတယ်။
မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်ကတော့ ဒီအပတ် ယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ဘာဘာတော့ဗ် က ” ဖူလ်ဟမ်က ဇယားအလယ်မှာ အေးဆေးပဲ ရှိနေပါတယ်။ ယူနိုက်တက်ကတော့ စပါးနဲ့ ဗီလာတို့ကို လိုက်မှီဖို့ အမှတ်တွေ လိုနေပါတယ်။ ဒီပွဲက ယူနိုက်တက်အတွက် ပွဲကောင်းတစ်ပွဲဖြစ်ပြီး သူတို့ အနိုင်ရဖို့လိုပါတယ်။ ” လို့ ရိုးရိုးရှင်းရှင်းပဲ သုံးသပ်ထားပါတယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-ဝ ဖူလ်ဟမ် ဖြစ်ပါတယ်။