ဟွိုင်လန်း နေရာ အစားဝင်မယ့်သူ၊ သွေးသစ်လောင်းမယ် ပလန်၊ ဒေါ့မွန်မှာ မဟန်တဲ့ ဆန်ချို၊ ဗာရန်းကို ခေါ်ချင်တဲ့ ကလပ်များနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ
မေဆန် ဂရင်းဝုဒ် ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ အဲရစ် တန်ဟက်က လာမယ့်နွေရာသီမှာ ပြန်လည်ကြိုဆိုဖို့ အရိပ်အယောင်ပြမယ်ဆိုရင် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်သွားမယ်လို့ သိရပါတယ်။
ခြေစွမ်းပြ ပွဲတိုင်း ဂိုးသွင်းနေတဲ့ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်းဟာ ကြွက်သား ဒဏ်ရာ ရသွားတာကြောင့် သီတင်းပတ် ၂ပတ်ကနေ ၃ပတ် နားရတော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဟွိုင်လန်းရဲ့ နေရာကို အန်တိုနီ မာရှယ်၊ အာမတ် ဒီရယ်လိုတို့နဲ့ အစားထိုးမှာ မဟုတ်ပဲ လူငယ်အကယ်ဒမီ ကစားသမားလေး ဖော်ဆန်ကို ထည့်သွင်း ကစားခိုင်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒေါ့မွန်မှာတော့ ပုံမှန်ခြေစွမ်းအောက် ရောက်နေဆဲ ဖြစ်တဲ့ မန်ယူ တိုက်စစ်သမား ဆန်ချို ကို ပရိသတ်တွေက စိတ်မရှည်တော့ဘဲ ဝေဖန်ပြစ်တင်နေကြပြီ ဖြစ်ပါတယ်။
ဘိုင်ယန်နည်းပြ တူချယ်ရဲ့ အနေအထားကို မန်ယူအသင်း တာဝန်ရှိသူတွေ စောင့်ကြည့်နေပြီး တန်ဟတ်ဂ်ကို ထုတ်ပယ်ခဲ့ပါက တူချယ်ကို ခေါ်ယူဖို့ စီစဉ်လာနိုင်ကြောင်း သတင်းရရှိပါတယ်။
လာမယ့်ဘောလုံးရာသီကျရင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အတွက် မန်ယူအသင်းဟာ ကစားသမားတွေကို ရောင်းထုတ်ပြီး သွေးသစ်လောင်းတော့မယ်လို့ သိရပါတယ်။ အခုလို ရောင်းထုတ်မယ့် စာရင်းထဲမှာ ဦးစားပေး ပွဲထွက်ခွင့်ရနေတဲ့ ကစားသမား ၁၁ ယောက်အထိ ရှိနေပါတယ်။
ဆော်ဒီကလပ် အယ်လ် အီတီဟတ် နဲ့ အယ်လ် နာဆာ အသင်းတို့ဟာ မန်ယူအသင်း နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ အပြိုင် ချိတ်ဆက်နေကြပါတယ်။