ကာစီမီရို နေရာမှာ အစားထိုးဖို့ ရက်ကလစ်အကြိုက် ချယ်ဆီး ကစားသမားဟောင်းနဲ့ အစားထိုးဖို့ မန်ယူ စီစဉ်နေ
မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ် ကစားသမားကြီး ကာစီမီရို နေရာ အစားထိုးဖို့ ချယ်ဆီး ကစားသမားဟောင်း ဖြစ်တဲ့ လူတန်တောင်း စတား ရော့စ် ဘာကလေအား အံ့ဩသင့်ဖွယ် ခေါ်ယူရန် စီစဉ်နေပါတယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်နှင့် ညာလက်ရုံး ဆာဒေးဗစ်ဘရဲလ်ဖို့ဒ်တို့ဟာ ဘာကလေရဲ့အမာခံပရိသတ်များ ဖြစ်ကြပြီး ၎င်းတို့ပိုင် လီဂူး ၁ ကလပ် နိုက်စ်သို့လည်း ခေါ်ဆောင်ခဲ့ဖူးပါတယ်။

အသက် ၃၀ နှစ်ရှိ ဘာကလေဟာ ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက်နှင့်ပွဲတွင် လူတန်တောင်းတို့ ဘောလုံးအသာစီးဖြင့် ကစားနိုင်အောင် ကွင်းလယ်ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဘာကလေ ဟာ အဲဗာတန်တွင် နာမည်ကျော်ကြားလာပြီးနောက် ချယ်ဆီးသို့ ပြောင်းချိန်တွင် ကျရှုံးခဲ့ပါတယ်။
သူဟာ လူတန်တောင်းသာ တန်းဆင်းရလျှင် အသင်းပြောင်းရွှေ့ဖို့ သေချာနေသူလည်း ဖြစ်ပါတယ်။
အင်္ဂလန်အတွက် ၃၃ ပွဲကစားထားတဲ့ ဘာကလေဟာ ယခုရာသီတွင် လူတန်အတွက် ပရီးမီးယားလိဂ်ပွဲ ပွဲ ၂၀ ကစားထားရာမှာ ၃ ဂိုးသွင်းပြီး ၃ ကြိမ်ဖန်တီးထားပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတွင် ကက်စ်မီရိုကို ရောင်းချရန် စီစဉ်ထားပြီး သူ့နေရာမှာ ဘာကလေနဲ့ အစားထိုးလာမှာလည်း ဖြစ်ပါတယ်။