ဒီဇာဘီနဲ့ အသံထွက်လာခြင်း၊ ဖောရက်စ်ပွဲကြို၊ အန်တိုနီဘက်က ကာကွယ်တဲ့ တန်ဟက်၊ ရက်ဖို့ဒ်နဲ့ အဆင်မပြေမှုနဲ့ မန်ယူ နောက်ဆုံးထွက် သတင်းများ

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ အသင်းပိုင်ရှင် ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှု အပြည့်အ၀ ရထားကြောင်း ယုံကြည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင် နည်းပြ အဲရစ် တန်ဟတ် က ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ကွင်းလယ်လူ ကာစီမီရို ဟာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ကစားရမယ့် FA ဖလား ပွဲစဉ်မှာ ပြန်လည် ပါဝင် ကစားပေးနိုင်ကြောင်း သတင်းကောင်းပေးခဲ့ပါတယ်။

ဒီပွဲမှာတော့ ယူနိုက်တက်ဖက်မှ ဟွိုင်လန်း၊ လုခ်ရှော၊ ဘစ်ဆာကာ၊ မာလာစီယာ၊ မာတီနက်ဇ်၊ မောင့် နဲ့ မာရှယ် တို့ ပါဝင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။

မန်ယူအသင်းဟာ နည်းပြ တန်ဟတ် နေရာကို အစားထိုးဖို့ ဘရိုက်တန်နည်းပြ ဒီဇာဘီကို စောင့်ကြည့်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ လက်တလော ဝေဖန်မှု ခံနေရတဲ့ အသင်းတောင်ပံ ကစားသမား အန်တိုနီ ဘက်က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ နွေမှာ ကစားသမား ၁ဝ ဦးလောက်ထိ ရောင်းချ ရှင်းထုတ်မှာ ဖြစ်ပြီး အဲဒီထဲမှာ အန်တိုနီက ထိပ်ဆုံးက ပါဝင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြ တန်ဟက်နဲ့ တိုက်စစ်မှုး ရက်ဖို့ဒ် တို့ ဆက်ဆံရေးက အဆင်မပြေ ဖြစ်နေပြီး စကားတောင် မပြောကြဘဲ အေးစက်နေကြတယ်လို့ သတင်းထွက်နေပါတယ်။