ဆိုးရှားကတောင် တန်ဟက်ထက် သာတယ်ဗျာ လို့ ပေါ်တင်ပဲ ထောက်ပြလာတဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်နဲ့ ချယ်ဆီး ကွင်းလယ် ကစားသမားဟောင်းကြီး ဖာဘရီဂတ်စ်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခင် နည်းပြ အိုလေဂန်နာ ဆိုးရှား လက်ထက်ကမှ ပွဲအတွက် ပလန် ရှိသေးပြီး လက်ရှိ နည်းပြ အဲရစ်တန်ဟက် လက်ထက်မှာ အဲဒါမျိုးတောင် မမြင်ရဘူးလို့ ထောက်ပြသွားခဲ့ပါတယ်။

” ကိန်းဂဏန်း အချက်အလက်တွေကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သေချာတာကတော့ အိုလေနဲ့တုန်းက ယူနိုက်တက်ဟာ ပွဲကြီးတွေမှာ ကောင်းတာတွေ ရှိခဲ့တယ်။ အဲဒီတုတန်းက သူတို့အသင်းမှာ သေချာတဲ့ ဖွဲ့စည်းပုံ ရှိတယ်။ ပွဲအတွက် ပလန် ရှိတယ်။

အနည်းဆုံးတော့ ပွဲ အတွက် game plan ရှိတာ မြင်သာတယ်။ ခံစစ် ကောင်းကောင်း ကစားတာ၊ ပြိုင်ဘက်ကို ထိုးဖောက်တာတွေ။ အခု မန်ချက်စတာ ယူနိုက်တက်မှာ မမြင်ရတော့တဲ့ ကိစ္စတွေပေါ့။

ပွဲ တစ်ပွဲတည်း ကြည့်ပြီး သုံးသပ် ဆုံးဖြတ်တာတော့ မကောင်းဘူး။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိမှာ ကျစ်လစ်စုဖွဲ့မှု ရှိနေတဲ့ အသင်းလို့ ကျွန်တော် မခံစားရဘူး။

အဲရစ်တန်ဟက်ရဲ့ game plan ဘယ်လိုရှိလဲ ကျွန်တော် မသိဘူး။ သူ့အသင်းရဲ့ ဖွဲ့စည်းပုံ ဘယ်လိုလဲ၊ ရှိရော ရှိလား မသိဘူး။ သူ ပေးချင်တဲ့ မက်ဆေ့ချ်ကရော ဘာလဲ။ ဒါက ကျွန်တော့် အသင်းသာဆို သတိပေး အချက်ပေး ခေါင်းလောင်းသံတွေ ကျယ်ကျယ်လောင်လောင် မြည်နေတဲံ အနေအထားပါပဲ။ ” လို့ ဖာဘရီဂတ်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တန်ဟက်ကလည်း အိုးထရက်ဖို့ဒ်မှာ ဖိအားပေါင်း များစွာ ရင်ဆိုင်နေရပြီး ပူးတွဲပိုင်ရှင်သစ် ရက်ကလစ်ဖ်က နယ်သာလန်သား နည်းပြကို သဘောမကျဘူးလို့ သတင်းတွေ ထွက်နေပါတယ်။

ဒီရာသီ ကုန်ဆုံးဖို့ လိဂ်ပွဲ ၁၂ ပွဲသာ ကျန်တဲ့ အနေအထားမှာ တန်ဟက် အနေနဲ့ ယူနိုက်တက် နဲ့ အတူ ဘယ်လောက်ထိ ရုန်းပြနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။