မန်ချက်စတာ ဒါဘီကတော့ မကန်ခင်တည်းက မန်ယူ ရှုံးနေပါပြီ လို့ စိတ်ပျက် အားလျှော့နေတဲ့ ဂယ်ရီ နဗီး

သရဲနီဟာင်းကြီး ဂယ်ရီ နဗီးကတော့ ဒီ တနင်္ဂနွေနေ့ ည အီတီဟတ်မှာ ကစားရမယ့် မန်ချက်စတာဒါဘီအတွက် ကြိုတင်ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်အတွက် စိုးရိမ် စိတ်ပူနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီအစောပိုင်းတုန်းက ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ရှုံးနိမ့်ခဲ့ပြီး ဖိုဒန်နဲ့ ဟာလန်းတို့ ၂ ဦးစလုံး ဟက်ထရစ်သွင်းဂိုးတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ တန်ဟက်လက်အောက် ကြီး ၆ ကြီးနဲ့ အဝေးကွင်းမှတ်တမ်းအရ ဂယ်ရီ နဗီးက အသင်းဟောင်းအနေနဲ့ ဘယ်လိုအခြေအနေမျိုးနဲ့မှ ရလဒ်ကောင်းရဖို့ မမြင်ဘူးလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ စီးတီးနဲ့ပွဲမှာ ခင်ဗျား မကစားခင်ကတည်းက ရှုံးနေပြီးသားပါ။ ခင်ဗျား ဘာပြောနိုင်မှာလဲ။ ခင်ဗျားအနေနဲ့ မန်ချက်စတာယူနိုက်တက်က အဲဒီပွဲကနေ လေးစားစရာအဆင့်အချို့နဲ့အတူ ပြန်လာနိုင်ဖို့ကို နည်းနည်းတွေးနေတာကိုက ကံကိုယုံပြီး ဆူးပုံနင်းရသလို ဖြစ်လုနီးပါးဖြစ်နေပါပြီ။

အဲဒီပွဲစဉ်က ခင်ဗျား သရဲနီတစ်ယောက်အနေနဲ့ စတင်ဖို့ ဆိုးရွားတဲ့နေရာပါ။ ခင်ဗျား ဒီပွဲကို ကောင်းကောင်း လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ကစားသွားရမှာဖြစ်ပြီး ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်တယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ အဲဒီပွဲက ဂိုးနည်းမယ့်ပွဲလို့ မျှော်လင့်ပြီး သရေလောက်တော့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ခင်ဗျား အဲဒီမှာ ငါတို့တွေ အနိုင်ရသွားနိုင်တယ်လို့ စပြီး မတွေးခင်မှာ ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေက တသီတတန်းကြီးပါ။ ခင်ဗျားအနေနဲ့ ငါတို့တွေ ဒီပွဲကို ဘယ်လိုလုပ်နိုင်အောင် ကစားနိုင်မှာလဲဆိုတဲ့ အတွေးကနေ ရုန်းမထွက်နိုင်ဖြစ်နေမှာပါ။

မန်ချက်စတာယူနိုက်တက်က ဒီနေ့ ဒီပွဲမှာ ဘယ်လို အနိုင်ကစားနိုင်မလဲ။ အသင်းကြီးတွေနဲ့ အဝေးကွင်းမှာ ဒီလိုမျိုး ကစားရတဲ့ပွဲမှာဆို တွေးဖို့က ပိုပိုပြီး ခက်ခဲလာပါတယ်။ ကျွန်တော်ကတော့ အခုတည်းက စိုးရိမ်နေပါပြီ။”လို့ ပြောကြားခဲ့ပါတယ်။