စာချုပ်ကုန်တော့မယ့် ကွီတာ၊ မန်ဒီ၊ ကွန်ဒီကို ရောင်းမယ့် ဆီဗီလာနဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီးအသင်းအနေနဲ့ မကြာခင်မှာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းပြေးနေတဲ့ အပီလီကွီတာ နေရာ အစားထိုးဖို့အတွက် ဒေါ့မွန် အသင်းက ဂျိုနပ်စ် ဟောဖ့်မန်းကို ခေါ်ယူဖို့အတွက် ကြံစည်နေတယ်လို့ဆိုပါတယ်။

ဟော့ဖ်မန်း က ဖလစ်ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ ညာဝင်းက ပါဝင်ကစားခဲ့သလို အပီလီကွီတာ နေရာ အကောင်းဆုံး အစားထိုးနိူင်မယ့် ကစားသမားလို့ Bild က ဖော်ပြလိုက်ပါတယ်။

ချဲလ်ဆီး ချိတ်ဆက်နေတဲ့ မိုနာကို ကွင်းလယ်ကစားသမား ချူဝါမီနီဟာ အန်ဂိုလို ကန်တေရဲ့ စကေးလ် ဗီဒီယိုတွေကို အမြဲ ကြည့်ပြီး သူ့ စွမ်းဆောင်ရည် ပိုကောင်းလာအောင် သင်ယူဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းခေါင်းဆောင်ဖြစ်တဲ့ ဆီဇာ အပီလီကွီတာ ကတော့ လာမယ့် နွေကျရင် ချဲလ်ဆီးအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်း ထွက်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးကတော့ အပီလီ ကွီတာကို လွယ်လွယ်နဲ့ ထွက်ခွာခွင့်ပေးမှာ မဟုတ်သလို စာချုပ်အရ ၁ နှစ် သက်တမ်းတိုးဖို့ အချက်ကို အမိအရ ဖမ်းဆုပ်မှာဖြစ်ပြီး သက်တမ်းတိုးသွားမယ်လို့ လန်ဒန် သတင်းဌာန က ဖော်ပြထားပါတယ်။

စကော့တလန် ကလပ် ရိမ်းဂျားအသင်းဟာ စတီဗင်ဂျာရတ် ထွက်ခွာ သွားတာကြောင့် လစ်လပ်သွားတဲ့ နည်းပြ ရာထူးမှာ လမ်းပတ်ကို ထည့်သွင်း စဉ်းစားသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ချဲလ်ဆီး ခံစစ်မှုးဟောင်း အက်ရှ်လေကိုးလ်က တစ်သင်းလုံး ဘောလုံးနဲ့ပဲ ရှင်သန်လာခဲ့တာ ဖြစ်လို့ နည်းပြ လောကထဲ ဝင်ဖို့ ကြောက်ရွံ့နေစရာတော့ မရှိကြောင်း ဆိုလိုက်ပြီး နည်းပြ အဖြစ် လုပ်ဆောင်လိုတဲ့ ဆန္ဒကို ဖွင့်ဟသွားခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမား မန်ဒီက သူ့ ကစားသမား ဘဝ အစပိုင်းမှာ ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ဂိုးသမားတွေထဲ တစ်ယောက် အပါအဝင် ဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း လတ်တလော အင်တာဗျူးကနေ ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးအသင်း အားပေးသူတွေက စကော့တလန် ဇာဗီလို့ သူတို့ တင်စားခေါ်ဝေါ် နေတဲ့ ဘီလီ ဂီမေလ် က နောဝှစ်မှာ နေရာမရဖြစ်ပြီး ကစားခွင့်မရ ဖြစ်နေတာ အားမလိုအားမရဖြစ်နေပြီး ချဲလ်ဆီးအသင်းကို ဂီမေလ်ကို အသင်းထံ ပြန်ခေါ်ယူဖို့ တောင်းဆိုသွားဖို့ပြင်ဆင်နေတယ်လို့ Football London က ဖော်ပြလိုက်ပါတယ်။

ဆီဗီလာ ဥက္ကဌ ဂျိုဆေး ကက်စထရို ကတော့ သူတို့အနေနဲ့ ချဲလ်ဆီးပစ်မှတ် ထားနေတဲ့ ကွန်ဒီ ကို ဇန်နဝါရီလမှာ သင့်တော်တဲ့ ဈေးရရင် ရောင်းချမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။