ဒီကလန်ရိုက်စ်ကို ရဖို့ အသင်းသားတစ်ဦးနဲ့ တည့် အလဲအထပ်လုပ်ရန် မန်ချက်စတာ ယူနိုက်တက် ကြိုးစားနေ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခု နွေဈေးကွက် မပိတ်မီမှာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတကြိမ် ထပ်မံ ပြုလုပ်ဦးမယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ညာတောင်ပံ အတွက် အင်္ဂလန် တောင်ပံ ကစားသမား ဆန်ချိုနဲ့ ဗဟိုခံစစ်နေရာ အတွက် ပြင်သစ် နောက်ခံလူ ဗာရန်းတို့ကို ခေါ်ယူနိုင်ခဲ့ပြီး အခုချိန်မှာတော့ နောက်ထပ် ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

တဖက်မှာလည်း ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အသင်းထံ ရာသီဝက် အငှားနဲ့ လာရောက် ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ အလွန်အမင်း စိတ်ဝင်စားနေကာ လာမယ့် ရက်ပိုင်း အတွင်း လင်ဂတ်ကို အပြီးသတ် ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။
Related Articles
မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လင်ဂတ်ရဲ့ အပြောင်းအရွှေ့ အတွက် ဝက်စ်ဟမ်းအသင်းနဲ့ ဆွေးနွေးရာမှာ ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အတွက်ပါ ထည့်သွင်း ဆွေးနွေးဖို့ စီစဉ်ထားပြီး ဒီကလန်ရိုက်စ် အတွက် လင်ဂတ် + ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းကို ပေးချေဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။

ည်း အသင်းက သူ့ရဲ့ တန်ကြေးကို ပေါင်၁၀၀သန်း အထိ သတ်မှတ်ထားတဲ့ အချက်အား စိတ်ပျက်နေပြီး ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရရှိပါက အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ တောင်းဆိုဖွယ် ရှိနေကာ နိုင်ငံ လက်ရွေးစင် အသင်းဖော်တွေ ဖြစ်တဲ့ မက်ဂွိုင်းယား ၊ လုခ်ရှော ၊ ရက်ဖို့ဒ် ၊ ဆန်ချို ၊ ဟန်ဒါဆန်တို့ ရှိရာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း 90 Min သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်စ်ရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ စဉ်းစားနေပြီး ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြ မိုယက်စ်ကလည်း လင်ဂတ်ကို အမိအရ ခေါ်ယူပေးဖို့ တောင်းဆိုထားတာကြောင့် လင်ဂတ်နဲ့ ဒီကလန်ရိုက်စ်တို့ရဲ့ အလဲအထပ်ကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ မြင်တွေ့ရဖွယ် ရှိနေပါတယ်။