ပဟေဠိ ဖြစ်နေတဲ့ မေဆန်မောင့်ရဲ့ ချဲလ်ဆီးကနေ မန်ချက်စတာ ယူနိုက်တက်ထံ အပြောင်းအရွှေ့

အင်္ဂလန်သား ကွင်းလယ်ကစားသမား မေဆန်မောင့် ဟာ ချဲလ်ဆီးကနေ မန်ယူအသင်းဆီပြောင်းရွှေ့မှုရဲ့ နောက်ကွယ်မှာ ဘောလုံးကြောင့်မဟုတ်တဲ့ တခြားလျို့ဝှက်ချက်တွေ ရှိကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

မေဆန်မောင့်ဟာ ပြီးခဲ့တဲ့နွေရာသီက မွေးရပ်မြေကလပ် ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မန်ယူအသင်းဆီကို ပေါင်သန်း ၆၀၊ ၅ နှစ် စာချုပ်သက်တမ်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

မန်ယူအသင်းရဲ့ ကစားသမားတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ရဲ့ အဆိုအရ မေဆန်မောင့် ပြောင်းရွှေ့လာခြင်းနောက်ကွယ်မှာ ဘောလုံးကြောင့်မဟုတ်တဲ့ တခြားသောအကြောင်းရင်းတွေ ရှိကြောင်း ထုတ်ဖော်ပြောပြခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မေဆန်မောင့်ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် လေးလကြာ အနားယူခဲ့ပြီး လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပါတယ်။ မောင့်ကို ပြီးခဲ့တဲ့ရက်ပိုင်း ယူနိုက်တက်ရဲ့ အသင်း ညစာ စားပွဲမှာလည်း တွေ့ခဲ့ရပါတယ်။

လာမယ့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ မေဆန်မောင့် ပြန်လည် ပွဲထွက်ကစားနိုင်ကြောင်း နည်းပြတန်ဟတ် က ပြောထားပါတယ်။