ရက်ရှ်ဖို့ ၇၅ သန်း၊ ဖြုတ်ချခံခဲ့ရတဲ့ မိုင်နူး၊ တန်ဟက် လျော်ကြေး၊ ဂရင်းဝုဒ် အတွက် ရောင်းဈေး သတ်မှတ်ခြင်းနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

ပီအက်စ်ဂျီ အသင်းဟာ ဒီလာမယ့် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် မားကပ်စ် ရက်ရှ်ဖို့ဒ်အတွက် ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

မန်ယူအသင်းဟာ ဂီတာဖေးအသင်းထံ အငှားချထားတဲ့ တောင်ပံတိုက်စစ် ကစားသမား ဂရင်းဝုဒ်ကို အပြီးသတ် ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းဟာ ဂရင်းဝုဒ်ရဲ့ တန်ကြေးကို ယူရို သန်း ၅၀ သက်မှတ်ထားပြီး ပြီးခဲ့တဲ့ အပတ်ကတည်းက မန်ယူအသင်းရဲ့ အားကစားဒါရိုက်တာ ဂျွန် မာတန် တစ်ယောက် စပိန်အထိ သွားရောက်ကာ ဘာစီလိုနာ၊ ဂီတာဖေး စတဲ့ အသင်းတွေနဲ့ တွေံဆုံပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် နဲ့ အခုရာသီမှာ ပုံစံကောင်း ပြသနေတဲ့ လူငယ်လေး ကိုဘီ မိုင်နူး ကိုတော့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် က အင်္ဂလန်အသင်းမှာ ရွေးချယ်ဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် လူစာရင်း ကြေညာချိန်မှာ မပါလာခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ဇွန်လမှာ နည်းပြအဲရစ်တန်ဟက်ကို ထုတ်ပယ်မယ် ဆိုရင် ပေါင်သန်း ၁၀ ကျော် အသုံးပြုရဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ အမြတ်နှင့် ရေရည်တည်တန့်ရေးစည်းမျဉ်းဥပဒေအရ သတိပေးခြင်းခံထားရတဲ့အသင်း ဖြစ်ပြီး အဲရစ်တန်ဟက်ကို ထုတ်ပယ်မည်ဆိုပါက နစ်နာကြေး ပေါင် ၁၀ သန်းကျော် အသုံးပြုရမှုနှင့်အတူ ဘဏ္ဍာရေး စည်းမျဉ်းနှင့် ညှိစွန်းလာနိုင်ပါတယ်။

ဝေးလ်နည်းပြဟောင်းရိုင်ယန်ဂစ်ဟာ မန်ချက်စတာယူနိုက်တက်ကစားဖော်ဟောင်းများနှင့် အတူ ပိုင်ဆိုင်တဲ့ ဆဲလ်ဖို့ဒ်စီးတီးမှာ ဘောလုံးဒါရိုက်တာအဖြစ် အလုပ်လုပ်နေပါတယ်။