အကောင်းဆုံး မန်ယူအသင်း ကို ပွဲထုတ်ပြီး လီဗာပူးကို အနိုင်ကန်ဖို့ ယုံကြည်ချက် ရှိနေတဲ့ နည်းပြ တန်ဟက်
လာမယ့် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် လီဗာပူးနဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် ပွဲမှာ အနိုင်ရဖို့ဆိုရင် အကောင်းဆုံး မန်ယူအသင်း ကို လိုအပ်တယ်လို့ တန်ဟတ်က ပြောပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ နိုင်ပွဲတွေ ဆက်တိုက် ရယူပြခဲ့ပြီး ဖြစ်တာကြောင့် ဒီပွဲကိုလည်း အနိုင်ယူနိုင်မယ် လို့ တန်ဟက်က ယုံကြည်မှု ရှိပါတယ်။

မန်ယူဟာ ၂၀၂၄ ခုနှစ်ရဲ့ အစောပိုင်း ကာလတွေမှာ နိုင်ပွဲတွေ ဆက်ခဲ့တဲ့အသင်းဖြစ်ပြီး ၂ လတာနီးပါး နိုင်ပွဲဆက်ခဲ့တဲ့ အသင်း ပါ။ ဒါကြောင့် အဲဒီလိုမျိုး ထပ်ပြီး လုပ်ပြနိုင်စွမ်းရှိနေတယ်လို့ တန်ဟက်က မျှော်လင့် ယုံကြည်ထားပါတယ်။
” အရှိန်ကောင်းကောင်းရဖို့အတွက် ကျွန်တော်တို့မှာ နောက်ထပ် အခွင့် အရေး ရှိပါသေးတယ်ဗျာ။ ကျွန်တော်တို့ နိုင်ပွဲတွေ ဆက်တိုက်ယူနိုင်တယ်ဆိုတာကိုလည်း ကစားသမားတွေက ဇန်နဝါရီမှာ လုပ်ပြခဲ့ပြီးပြီ။ ဒီလို လုပ်ပြနိုင်တယ်ဆိုတာကို ယုံကြည်မှု ရှိနေရမယ်။
လေ့ကျင့်ရေးကွင်းမှာ ယုံကြည်မှု ရှိနေတယ်ဆိုတာကို ကျွန်တော် သိတယ်။ ဒီလို ပွဲမျိုးတွေကျရင် ကျွန်တော်တို့က အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်မျိုးတွေ ရလာ တာပါပဲ။ ကျွန်တော်တို့က အသင်းကောင်းနဲ့ ကစားရမှာပါ။ ဒါကြောင့် အကောင်းဆုံး အသင်းကို လိုအပ်ပါတယ်။ ” လို့ တန်ဟတ်က လီဗာပူးနဲ့ပွဲအတွက် ရည်ရွယ်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။