ဒီအပတ် လက်စတာနဲ့ ချယ်ဆီးပွဲအတွက် ခန့်မှန်းပေးလိုက်ပြီဖြစ်တဲ့ မိုက်ကယ် အိုဝင်
ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အဖြစ် လက်စတာစီးတီး Vs ချယ်ဆီး တို့ဟာ နိုဝင်ဘာ ၂ဝ ရက်၊ စနေနေ့၊ ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
အဆိုပါပွဲနဲ့ ပတ်သက်ပြီး ဘောလုံးပွဲ ခန့်မှန်းသူကြီး မိုက်ကယ်အိုဝင်က အခုလို ခန့်မှန်းသွားခဲ့ပါတယ်။

” ပရီးမီးယားလိဂ် ပြန်လည်စတင်ခြင်းကို ဒီပွဲနဲ့ စရမှာက သိပ်ကို ကောင်းပါတယ်။ လက်စတာက ဒီရာသီမှာ စွမ်းဆောင်ရည် မတည်မငြိမ်ဖြစ်နေတယ်။ ဒါပေမယ့်လို့ သူတို့ အားလပ်ရက်တွေကြောင့် ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ သူတို့က အကောင်းဆုံး ကစားနိုင်ချိန်မှာ အသင်းကောင်းတစ်သင်း ဖြစ်နေဆဲ ဖြစ်သလို ယူနိုက်တက်ကိုလည်း အိမ်ကွင်းမှာ ၄-၂ ဖြင့် အနိုင်ယူပြခဲ့တယ်။
အရင်အပတ်က ဘန်လေနဲ့ အိမ်ကွင်းမှာ ရမှတ် ဆုံးရှုံးခဲ့တာကို တူချယ်က စိတ်ပျက်နေပါလိမ့်မယ်။ ချယ်ဆီးအသင်းက ဦးဆောင်ဂိုးကို သွင်းနိုင်ခဲ့ပေမယ့် အဆုံးအဖြတ် ဖြစ်စေမယ့် ဒုတိယဂိုးကို မသွင်းနိုင်ခဲ့တာက အမြဲတမ်း ထိခိုက်မှု ရှိတာပါပဲ။ အိမ်ကွင်းမှာ ဂျူဗင်တပ်နဲ့ ရင်ဆိုင်ရပြီး ယူနိုက်တက်နဲ့လည်း ကစားရဖို့ ရှိနေတာကြောင့် ချယ်ဆီးအတွက် သီတင်းပတ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဒီပွဲမှာ ချယ်ဆီး စွမ်းဆောင်ရည်ကောင်းမယ် မျှော်လင့်ထားတယ်။ ချယ်ဆီးကပဲ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရပါလိမ့်မယ် ” လို့ ဖြစ်ပါတယ်။
ပွဲရလဒ်ကိုတော့ လက်စတာ ၁-၂ ချယ်ဆီး ရလဒ် ထွက်ပေါ်လာမယ်လို့ အိုဝင်က ခန့်မှန်းသွားခဲ့ပါတယ်။