မန်ယူချိန်နေတဲ့ ရီးရဲလ် တိုက်စစ်၊ ၅၂ သန်းတန် နောက်ထပ် အိုနာနာ၊ ဆန်ချို ကိစ္စ၊ ဂျာအို နီဗက်စ် နဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

ဒေါ့မွန်အသင်းကတော့ ဆန်ချို ကို အပြီး ပြန်ခေါ်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေကို နောက်အပတ်ထဲမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်သားကလည်း နည်းပြ တန်ဟက် ရှိနေရင် မနချက်စတာသို့ ပြန်မလာချင်ဘူး ဖြစ်နေတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဘရာဟင် ဒီယာ့ဇ် နွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရီးရဲလ်ကလည်း လာမယ့်ရာသီမှာ အမ်ဘာပေကို ခေါ်ယူမှာ ဖြစ်လို့ သူတို့ရဲ့ တိုက်စစ်သမား တစ်ဦးဦးကိုတော့ လက်လွှတ်ဖွယ် ရှိနေပါတယ်။

အဲဗာတန် ကွင်းလယ် ကစားသမား အိုနာနာ ကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ၎င်းကို ဘာစီလိုနာကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကတ်တလန်ကလပ်က နောက်ဆုတ်သွားပါပြီ။ အဲဗာတန်က ၎င်းတို့ ကစားသမားကို ပေါင် ၅၂ သန်း ရမှ ရောင်းချလိုနေပါတယ်။

မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် က သူ့ရဲ့ ပေါ်တူဂီ အသင်းဖော် ဂျာအို နီဗက်စ်က ယူနိုက်တက်နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

” ယူနိုက်တက်နဲ့ သူ့ရဲ့ သတင်းတွေ ဘယ်လောက်ထိ မှန်သလဲတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူကတော့ ဒီကို ခုန်ကူးလာဖို့ လုံးဝ ရယ်ဒီပါ။ သူက အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်တယ်။ လက်ရွေးစင် အသင်းမှာ ဆို မြင်နေရတာပါ..။ ” လို့ ဖာနန်ဒက်စ်က ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ကင်မစ်ချ်က အသင်းပြောင်းဖို့ ရှိနေပေမယ့် သူ မပြောင်းရွှေ့ချင်တဲ့ ကလပ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီး၊ ပီအက်စ်ဂျီ တို့ကို ထည့်သွင်းထားပါတယ်။

လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ မန်ယူအသင်းကို အချိန်ပိုမှာ ရှုံးနိမ့်ခဲ့ရမှုအပေါ် အတော်လေး စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။

လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်း ပရိသတ်တွေက လီဗာပူးလ် အသင်းပရိသတ်တွေကို လှောင်ပြောင်တဲ့ သံပြိုင်သီဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခံနေရပါတယ်။