ဝတ်ဖိုဒ့်လောက်တော့ မန်ယူ အေးဆေးနိုင်တယ်လို့ ပွဲကြို ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အိုဝင်
ဒီအပတ်မှာ စနေနေ့၊ ည ၉း၃ဝ နာရီမှာ ဝက်ဖို့ဒ် Vs မန်ချက်စတာ ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ကို ယှဉ်ပြိုင်ကစားပါမယ်။
ပွဲစဉ်နဲ့ ပတ်သက်ပြီး ဘောလုံးခန့်မှန်းသူ အိုဝင်က ” ရေနီရာရီ လက်ထက် ၄ ပွဲမှာ ဝတ်ဖိုဒ့်က ၁ ပွဲပဲ သွင်းဂိုးတွေ ရထားပါတယ်။ အဲဗာတန်ကို ရင်ဆိုင်ကစားပြီး ၅-၂ ဖြင့် အနိုင်ရခဲ့တဲ့ပွဲဖြစ်တယ်။ သူတို့မှာ ခက်ခဲတဲ့ ပွဲစဉ် ဇယားတစ်ခု ရှိနေပြီး ပိုကောင်းလာနိုင်မယ့် အခြေအနေတွေ မမြင်မိသေးပါဘူး။

မန်ချက်စတာဒါဘီမှာ စီးတီးကို ရင်ဆိုင်ပြီး စိတ်ပျက်စရာ ရလဒ်ကိုပဲ ယူနိုက်တက်တို့ ပိုင်ဆိုင်ခဲ့တယ်။ သူတို့မှာ အနိုင်ရလိုစိတ် မရှိခဲ့သလို အသင်းကို မောင်းနှင်နိုင်စွမ်းလည်း မရှိတာကြောင့် စီးတီးအတွက် လွယ်ကူတဲ့ ပွဲစဉ်ပဲ ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်က လိုအပ်ချက်တွေ များလွန်းနေတာကြောင့် ပြိုင်ဘက်တွေနောက်မှာ ကျန်နေခဲ့ပါတယ်။
ဒီပွဲကတော့ သူ့တို့ အကြိုက်ပွဲမျိုးပါပဲ။ ဝတ်ဖိုဒ့်ရဲ့ သွင်းဂိုးအတွက် ရုန်းကန်နေရမှု၊ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေကြောင့် ဒီပွဲကို ယူနိုက်တက်က သက်သောင့်သက်သာ အနိုင်ရပါလိမ့်မယ် ” လို့ သုံးသပ် ဖော်ပြသွားခဲ့တယ်။
ပွဲစဉ်အတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဝက်ဖို့ဒ် 0-2 မန်ချက်စတာ ယူနိုက်တက် ဆိုပြီ ဖြစ်ပါတယ်။