တန်ဟက်ကို ချီးကျူးတဲ့ ပီကေး၊ ဆန်ချို ကြေးကို မလိုက်နိုင်တဲ့ ဒေါ့မွန်၊ စိတ်ပျက်နေတဲ့ အဲရစ်ဆန်၊ ဘရူနိုရဲ့ ဆန္ဒနဲ့ မန်ယူ ထူးခြား သတင်းတိုများ

ဒေါ့မွန်အသင်းဟာ အငှားခေါ်ယူထားတဲ့ ဆန်ချိုကို ခေါ်ယူလိုနေပေမယ့် မန်ယူအသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို လိုက်မှီဖို့ မဖြစ်နိုင်သေးကြောင်း သတင်းရရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းမှာပဲ ကာလအတန်ကြာအထိ ဆက်လက် ပါဝင်ကစားသွားချင်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

မန်ယူအသင်း ကွင်းလယ်ကစားသမား အဲရစ်ဆင်ကတော့ နည်းပြ တန်ဟတ် လက်အောက် ပွဲထွက်ခွင့် ဆုံးရှုံးလာရမှုအပေါ် စိတ်ပျက်မိကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂျေဒန် ဆန်ချိုအတွက် ကစားသမားအလဲအထပ် ကမ်းလှမ်းမှုကို လက်ခံသွားချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒေါ့မွန်ကို အငှားနဲ့ ပြန်သွားကစားနေတဲ့ ဆန်ချိုအတွက် ပေါင်သန်း ၅၀ အောက်နဲ့ ကမ်းလှမ်းလာရင်လည်း လက်ခံသွားမှာဖြစ်သလို အလဲအထပ် ကမ်းလှမ်းလာရင်လည်း သဘောတူသွားမယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ဗဟိုနောက်ခံလူဟောင်း ဂျာရတ် ပီကေးဟာ လက်ရှိ မန်ယူ နည်းပြ အဲရစ် တန်ဟက် ဟာ နည်းပြကောင်း တဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ဂိုးသမား အန်ဒရီ အိုနာနာက တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို ၄-၃ နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းနိုင်ခဲ့ပြီးနောက် ကြက်သီးပါ ထခဲ့မိတယ်လို့ ပြောဆိုခဲ့ပါတယ်။