မန်ယူကို ဆွဲတင်မယ့် ရော်နယ်ဒို၊ ဆန်းချက် အမှား၊ ပေါ့ဘာ အခြေနေနဲ့ ယနေ့ည မန်ယူ သတင်းများ
ဂျူဗင်တပ်အသင်းဟာ သူတို့ အသင်းသားဟောင်း ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာကို ခေါ်ယူဖို့ ပြန် စိတ်ဝင်စားလာပြီ ဖြစ်ပါတယ်။ စီးရီးအေ ထိပ်သီးကလပ်ကလည်း ဘဏ္ဍာရေး ကြပ်တည်းမှုတွေ ရှိနေတာကြောင့် ပေါ့ဘာကို လစာကြီး ပေးထားဖို့ လက်ရှိ အသင်းသားတချို့ အရင် ရှင်းထုတ်ရဖွယ် ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက် ဟာ စီရော်နယ်ဒိုကြောင့်သာ အဆင့်လေးဝင်ခွင့်ကို ရယူနိုင်မှာဖြစ်ကြောင်း၊ စီရော်နယ်ဒိုဟာ မန်ယူကို အဆင့်လေး ဝင်အောင် ဆွဲတင်ပေးမဲ့သူဖြစ်ကြောင်း ပရီးမီးယားလိဂ် ကစားသမားဟောင်း ဝုဒ်ဂိတ်က မှတ်ချက်ပြုခဲ့ပါတယ်။

ချီလီတိုက်စစ်မှူး ဆန်းချက်ဇ် ဟာ အာဆင်နယ်ကနေ မန်ယူကို ပြောင်းရွှေ့ခဲ့တာ မှားယွင်းကြောင်း စီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ်က ထောက်ပြလိုက်ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ်မှာတုန်းက တောက်ပတဲ့စွမ်းရည်ကို ပြသခဲ့ပြီး မန်စီးတီးကိုပြောင်းခဲ့သင့်တာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ ဇန်နဝါရီမှာ အငှား ဒါမှမဟုတ် အပြီးကို ထွက်ခွာ သွားနိုင်တယ် လို့ သိရပါတယ်။ ငယ်ရွယ်တဲ့ ယူနိုက်တက် ဂိုးသမားကို နယူးကာဆယ် က စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။
မန်ယူကွင်းလယ်လူ ပေါ့ဘာရဲ့ အေးဂျင့်ရွိုင်အိုလာက ပေါ့ဂ်ဘာအနေနဲ့ မန်ယူကနေ ထွက်ခွာဖို့ ရှိနေတဲ့အကြောင်း အရိပ်အမြွက်ဆိုခဲ့ပါတယ်။ ဒီဇင်ဘာဟာ အိပ်မက်တွေ ရှိနေတဲ့လဖြစ်ကြောင်း၊ ပေါ့ဘာရဲ့ စာချုပ် အကြောင်းပြောဖို့ စောလွန်းသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ်တောင်ပံကစားသမား အိုမိုအနေနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ရေးနဲ့ ပတ်သက်ပြီး ပလန်ဘီ အဖြစ် စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။ တကယ်လို့ ဘာစီလိုနာကိုပြောင်းနိုင်ခြင်း မရှိမှသာ အိုမိုအနေနဲ့ မန်ယူကို ပြောင်းမှာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ မန်ယူ ကစားသမား ဒီယေဂို ဒါလော့ကို ခေါ်ယူဖို့ အစီအစဉ် ရှိသလားလို့ ရိုးမား ဒါရိုက်တာ ပင်တိုက မေးမြန်းခံရရာ ၎င်းက တခြားကလပ်က ကစားသမားတွေ အကြောင်း ပြောရတာ မကြိုက်တဲ့ အပြင် အသင်း အပြောင်းအရွှေ့ အစီအစဉ်တွေကို လူသိအောင် ထုတ်မပြောချင်ဘူးလို့ စကိုင်းစပေါ့ အီတလီသို့ ဖြေကြားခဲ့ပါတယ်။