မန်စီးတီးမှ မုဒိန်း မန်ဒီနဲ့ ပုံတွေမှားပြီး ဖော်ပြနေလို့ စိတ်ပျက်နေရတဲ့ ချဲလ်ဆီးဂိုးသမား မန်ဒီ

ပြီးခဲ့တဲ့အပတ်ကပဲ မန်စီးတီး အသင်းရဲ့ အသက် ၂၇နှစ် အရွယ် ပြင်သစ် ဘယ်နောက်ခံလူ ဘန်ဂျမင် မန်ဒီ ဟာ ထပ်တိုး မုဒိန်းမှု ၂ခုနဲ့ တရားစွဲခံခဲ့ရပြန်ပါတယ်။ ဒါကြောင့် ၎င်းဟာ မုဒိန်းမှု ၆ခု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ စုစုပေါင်း ၇မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

မန်ဒီဟာ လက်ရှိမှာ လီဗာပူးမြိုက အကျဉ်းထောင် တခုမှာ ထိန်းချုပ်ခြင်း ခံထားရကာ လာမယ့်နှစ်မှာ ဒီအမှုတွေ အတွက် ကြားနားမှု လုပ်သွားဖို့ ရှိနေပါတယ်။ ဒီလို ဆိုးရွားတဲ့ လုပ်ရပ်တွေကြောင့် ယင်း ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် နောက်ခံလူ ဟာ ဝေဖန်မှု များစွာနဲ့ ပြစ်တင်ရှုံ့ချမှု များစွာနဲ ရင်ဆိုင်ထားရပါတယ်။

ဒီသတင်းတွေထဲမှာ ဘန်ဂျမင် မန်ဒီရဲ့ အကြောင်းအရာ ကို ချဲလ်ဆီး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ် ကြယ်ပွင့် ဘယ်နောက်ခံလူ ဖာလန်း မန်ဒီတို့ရဲ့ ရုပ်ပုံတွေနဲ့ မှားယွင်း ဖော်ပြခဲ့တဲ့ ဥရောပ မီဒီယာတွေလည်း ရှိနေပါတယ်။

ချဲလ်ဆီး ဂိုးသမား မန်ဒီ ကတော့ ဒီလို ပုံမှား ဖော်ပြမှုတွေ အပေါ် အင်စတာဂရမ် ကနေ အခုလိုမျိုး ပြင်းပြင်းထန်ထန် ရှုံ့ချသွားခဲ့ပါတယ် ။

အက်ဒိုဝါ့ဒ် မန်ဒီ က ” ဒီလို လုပ်ရပ်မျိုး ၂၀၂၁ ခုနှစ်မှာ ဆက်လက် တွေ့နေရတာ ဝမ်းနည်းဖို့ကောင်းပါတယ်။ တချို့တွေ အတွက် လူမည်းတွေဟာ နာမည် မရှိ မျက်နှာ မရှိ ထင်နေကြတုန်းပါပဲ။ ဒီလို ရုပ်ပုံ မှားယွင်း ဖော်ပြမှုတွေက သက်သက်မဲ့ လုပ်ကြံ ဖန်တီးနေတာနဲ့ တူနေပါတယ်။

နောက်ပြီး သူတို့တွေဟာ တခုနဲ့ တခု တခြားစီ ဖြစ်သလို ထင်ရှားတဲ့ သင်္ကေတ ဖော်ပြမှုတွေလည်း ဖြစ်နေပါတယ် ။ မျက်နှာ ၂ခုကို ခွဲခြားသိဖို့က ဒီလောက်ကြီး မခက်ခဲပါဘူး။ အထူးသဖြင့် ဘောလုံး ဂျာစီ ဝတ်ထားတဲ့ ပုံတွေမှာဆို တယောက်နဲ့ တယောက် ခွဲမြင်ဖို့ ဆိုတာ သိသာ ထင်ရှားနေပါတယ်။ ” လို့ ရေးသား ဖော်ပြခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဖာလန်း မန်ဒီ ကလည်း ချဲလ်ဆီး ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီရဲ့ တုန့်ပြန် ရှုံ့ချမှုကို ထောက်ခံကြောင်း ၎င်းရဲ့ တွစ်တာကနေ ရေးသား ဖော်ပြခဲ့ပါတယ်။

ZG

ၿပီးခဲ့တဲ့အပတ္ကပဲ မန္စီးတီး အသင္းရဲ႕ အသက္ ၂၇ႏွစ္ အ႐ြယ္ ျပင္သစ္ ဘယ္ေနာက္ခံလူ ဘန္ဂ်မင္ မန္ဒီ ဟာ ထပ္တိုး မုဒိန္းမႈ ၂ခုနဲ႔ တရားစြဲခံခဲ့ရျပန္ပါတယ္။ ဒါေၾကာင့္ ၄င္းဟာ မုဒိန္းမႈ ၆ခု၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊ စုစုေပါင္း ၇မႈနဲ႔ တရားစြဲခံထားရတာ ျဖစ္ပါတယ္။

မန္ဒီဟာ လက္ရွိမွာ လီဗာပူးၿမိဳက အက်ဥ္းေထာင္ တခုမွာ ထိန္းခ်ဳပ္ျခင္း ခံထားရကာ လာမယ့္ႏွစ္မွာ ဒီအမႈေတြ အတြက္ ၾကားနားမႈ လုပ္သြားဖို႔ ရွိေနပါတယ္။ ဒီလို ဆိုး႐ြားတဲ့ လုပ္ရပ္ေတြေၾကာင့္ ယင္း ကမာၻ႔ဖလား ခ်န္ပီယံ ျပင္သစ္ ေနာက္ခံလူ ဟာ ေဝဖန္မႈ မ်ားစြာနဲ႔ ျပစ္တင္ရႈံ႕ခ်မႈ မ်ားစြာနဲ ရင္ဆိုင္ထားရပါတယ္။

ဒီသတင္းေတြထဲမွာ ဘန္ဂ်မင္ မန္ဒီရဲ႕ အေၾကာင္းအရာ ကို ခ်ဲလ္ဆီး အသင္းရဲ႕ ဆီနီေဂါ လက္ေ႐ြးစင္ ဂိုးသမား အက္ဒိုဝါ့ဒ္ မန္ဒီ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ျပင္သစ္ ၾကယ္ပြင့္ ဘယ္ေနာက္ခံလူ ဖာလန္း မန္ဒီတို႔ရဲ႕ ႐ုပ္ပုံေတြနဲ႔ မွားယြင္း ေဖာ္ျပခဲ့တဲ့ ဥေရာပ မီဒီယာေတြလည္း ရွိေနပါတယ္။

ခ်ဲလ္ဆီး ဂိုးသမား မန္ဒီ ကေတာ့ ဒီလို ပံုမွား ေဖာ္ျပမႈေတြ အေပၚ အင္စတာဂရမ္ ကေန အခုလိုမ်ိဳး ျပင္းျပင္းထန္ထန္ ရႈံ႕ခ်သြားခဲ့ပါတယ္ ။

အက္ဒိုဝါ့ဒ္ မန္ဒီ က ” ဒီလို လုပ္ရပ္မ်ိဳး ၂၀၂၁ ခုႏွစ္မွာ ဆက္လက္ ေတြ႕ေနရတာ ဝမ္းနည္းဖို႔ေကာင္းပါတယ္။ တခ်ိဳ႕ေတြ အတြက္ လူမည္းေတြဟာ နာမည္ မရွိ မ်က္ႏွာ မရွိ ထင္ေနၾကတုန္းပါပဲ။ ဒီလို ႐ုပ္ပုံ မွားယြင္း ေဖာ္ျပမႈေတြက သက္သက္မဲ့ လုပ္ႀကံ ဖန္တီးေနတာနဲ႔ တူေနပါတယ္။

ေနာက္ၿပီး သူတို႔ေတြဟာ တခုနဲ႔ တခု တျခားစီ ျဖစ္သလို ထင္ရွားတဲ့ သေကၤတ ေဖာ္ျပမႈေတြလည္း ျဖစ္ေနပါတယ္ ။ မ်က္ႏွာ ၂ခုကို ခြဲျခားသိဖို႔က ဒီေလာက္ႀကီး မခက္ခဲပါဘူး။ အထူးသျဖင့္ ေဘာလုံး ဂ်ာစီ ဝတ္ထားတဲ့ ပုံေတြမွာဆို တေယာက္နဲ႔ တေယာက္ ခြဲျမင္ဖို႔ ဆိုတာ သိသာ ထင္ရွားေနပါတယ္။ ” လို႔ ေရးသား ေဖာ္ျပခဲ့ပါတယ္ ။

ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ ဖာလန္း မန္ဒီ ကလည္း ခ်ဲလ္ဆီး ဂိုးသမား အက္ဒိုဝါ့ဒ္ မန္ဒီရဲ႕ တုန္႔ျပန္ ရႈံ႕ခ်မႈကို ေထာက္ခံေၾကာင္း ၄င္းရဲ႕ တြစ္တာကေန ေရးသား ေဖာ္ျပခဲ့ပါတယ္။