အဝတ်လဲခန်းက ခေါင်းဆောင်သစ်များ၊ ၃သင်းက အလိုရှိနေတဲ့ ပီပီနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ် လူငယ်တိုက်စစ်မှုး အန်ကတ်တီရာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ဒေါ့မွန်လည်း ပါဝင်လာခဲ့ပါပြီ ဖြစ်ပါတယ်။ ကစားသမားက အာဆင်နယ်ထံ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားခဲ့ပြီး ၎င်းကို ပဲလေ့စ်ကလည်း ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အာဆင်နယ်နဲ့ မန်ယူတို့ အပြိုင်လုရမှာဖြစ်ကြောင်း၊ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးမိပြီး အာတီတာ အနေနဲ့လည်း ထိပ်တန်းနည်းပြ ဖြစ်လာနိုင်ကြောင်း ပရီးမီးယားလိဂ် နောက်ခံလူဟောင်း ဝုဒ်ဂိတ်က သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပီပီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်း ၃ သင်းက စိတ်ဝင်စားနေပါတယ်။ ပီပီဟာ အာဆင်နယ်မှာ ခြေစွမ်းမပြနိုင်ဘဲရုန်းကန်နေရပြီး သူ့ကို အဲဗာတန်၊ နယူးကာဆယ်နဲ့ ပဲလေ့စ်တို့က ခေါ်ယူလိုနေတာပါ။

မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ်က ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်အနေနနဲ့ အာဆင်နယ်ကနေ မန်ယူကို ပြောင်းရွှေ့ခဲ့တာ မှားယွင်းကြောင်း၊ ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ်မှာတုန်းက တောက်ပတဲ့စွမ်းရည်ကို ပြသခဲ့ပြီး မန်စီးတီးထံ ပြောင်းခဲ့သင့်တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန် ဟာ စကော့တလန်အသင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေပါတယ်။

အာဆင်နယ် နောက်ခံလူဟောင်း ဆက်ဂ်နာက အသင်းအနေနဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုဝီကို ကျောနံပါတ် ၁၀ ပေးလိုက်တာ စောလွန်းတယ်လို့ ထင်မြင်မိကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ရိုဝီ က အသက်အရွယ်နဲ့မလိုက် ရင့်ကျက်ပြီး ကျောနံပါတ်နဲ့ ထိုက်တန်မှုကိုတော့ ပြသထားတယ်လို့ ၎င်းက ဆိုပါတယ်။

အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ် အနေနဲ့ သူ တွဲဖက်ကစားချင်ဆုံး အာဆင်နယ် ကစားသမားဟောင်းက ဘယ်သူလဲ လို့ အမေးခံခဲ့ရာမှာ အွန်နရီလို့ ဖြေဆိုခဲ့ပါတယ်။

ဒေးဗစ်လူးဝစ်နဲ့ ဝီလီယံတို့ ထွက်ခွာသွားပြီးနောက် အာဆင်နယ် အဝတ်လဲခန်းအတွင်း နောက်ခံလူ ဂါဘရီရယ်နဲ့ ဘန်ဝှိုက်၊ ဂိုးသမား ရမ်ဒေးလ်တို့ဟာ အဓိက ဦးဆောင်သူတွေ ဖြစ်လာကြကြောင်း The Athletic သတင်းက ဖော်ပြထားပါတယ်။