အဝေးကွင်းမှာ ဘရန့်ဖို့ဒ်ကို မန်ယူ မနိုင်ပါဘူး ဆိုတဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို ဟောကိန်းထုတ်ချက်
မတ်လ နိုင်ငံပွဲတွေ ပြီးဆုံးလို့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်ချိန်မှာ မန်ချက်စတာ ယူနိုက်တက် က ဘရန့်ဖို့ဒ် အသင်းနဲ့ တွေ့ဆုံနေပါတယ်။
မန်ယူက ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားမှာပါ။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ နံနက် ၂း၃ဝ နာရီ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘရန့်ဖို့ဒ် – မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
အဆင့် ၄ အတွင်း ဝင်နိုင်ဖို့ ကလပ် ၂ သင်းလောက်ကို အမှီလိုက်နေရတာ ခက်ခဲပါတယ်။ အက်ဖ်အေ လားမှာ လီဗာပူးကို အနိုင်ရလိုက်ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ သရဲနီတွေက ခြေစွမ်း အတော်လေး မတည်ငြိမ်တာပါ။
လီဗာပူးကို နိုင်လိုက်တာ သူတို့အတွက် အင်အားဖြစ်နိုင်ခဲ့ကာ အတိတ်တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်း ပြန်လာနိုင်ခဲ့သလို ခံစားရပါတယ်။ အခု သူတို့အသင်းက ဆီမီးဖိုင်နယ်မှာ ကိုဗင်ထရီနဲ့ ထိပ်တိုက်တွေ့နေတာမို့ ဖိုင်နယ် တက်နိုင်ဖို့ လွယ်ကူနေပါတယ်။
ဒီပွဲ ယူနိုက်တက်ဘက်က ပိုက်ဆံထပ်လိုက်ဖို့က ခက်ခဲနေဆဲပါပဲ။ သူတို့က မကြာခဏ ရလဒ်တွေ ထိခိုက်ထားတာပါ။ ဘရန့်ဖိုဒ့်က တိုက်စစ်ကစားပုံ ကောင်းမွန်တယ်။ ယူနိုက်တက်တို့ ခံစစ်ပိုင်း အားနည်းနေတာက ဒီပွဲမှာ ထိခိုက်မှု ရှိနိုင်ပါတယ်။
ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်
ဘရန့်ဖို့ဒ် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။