ဒီအပတ် မန်ယူ ပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်ဦးမယ် လို့ ဟောကိန်းထုတ်သွားတဲ့ ဘီဘီစီ ခရစ်ဆက်တန်
မန်ချက်စတာ ယူနိုက်တက် က ဒီအပတ် ပရီးမီးယားလိဂ် မှာ ဘရန့်ဖို့ဒ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားမှာပါ။ ပွဲချိန်ကတော့ လာမယ့် တင်္နနွေနေ့ နံနက် ၂း၃ဝ နာရီ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန် က ဘရန့်ဖို့ဒ် – မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီပွဲက စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့ရာသီက ဒီလိုပွဲမျိုးမှာ ဘရန့်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက် ကို ၄-ဝ နဲ့ နိုင်ခဲ့တယ်။ ဒီရာသီ လက်ရှိ အနေအထားမှာတော့ ဘရန့်ဖို့ဒ်က ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေပြီး နောက်ဆုံး ၆ ပွဲကနေ တစ်မှတ်ပဲ ရထားတယ်။
မန်ချက်စတာ ယူနိုက်တက် က အောက်တိုဘာလတုန်းက အိုးထရက်ဖို့ဒ်မှာ သူတို့ကို အနိုင်ယူထားပါတယ်။ ဒါပေမယ့် အဲဒါကလည်း တော်မီနေးရဲ့ ပွဲပြီးခါနီး သွင်းဂိုး ၂ ဂိုးကြောင့်သာ နိုင်ခဲ့တာပါ။ သူတို့လည်း အရမ်းကြီး လန်ထွက်နေတဲ့ ခြေစွမ်းမျိုး မဟုတ်ဘူး။
ယူနိုက်တက် က ဒီပွဲ ဂိုးသွင်းပါမယ်။ ဒါပေမယ့် အဲရစ်တန်ဟက် အသင်းအတွက် နောက်ထပ် ခက်ခဲတဲ့ ညနေခင်း ပိုင်ဆိုင်သွားနိုင်ပြီး သူတို့ သရေ တစ်မှတ်နဲ့ ကျေနပ်ရနိုင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ ဘရန့်ဖို့ဒ် 2-2 မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။