မစိုးရိမ်တဲ့ တန်ဟက်၊ ၄၂ သန်းတန် နောက်ခံလူ ပစ်မှတ်၊ ကင်မစ်ချ်၊ မိုင်နူး အတွက် ကတိ၊ ဖယ်လိုင်နီ ရင်ဖွင့်ချက်နဲ့ နောက်ဆုံးရ မန်ယူ ထူးခြား သတင်းများ
မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ လက်ရှိ ထွက်ပေါ်နေတဲ့ နည်းပြ အပြောင်းအလဲ သတင်းတွေအပေါ် စိုးရိမ်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ လိုက်ပ်ဇစ်အသင်း တိုက်စစ် ကစားသမား အိုလ်မို ကို ပေါင် ၅၂ သန်းအထိ ပေးချေခေါ်ယူလိုနေကြောင်း သတင်းရရှိပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းနောက်ခံကစားသမား ကင်မစ်ချ်ဟာ မန်ယူအသင်းရဲ့ ထိပ်တန်း ပစ်မှတ်စာရင်းထဲ ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ကင်မစ်ချ်ဟာ ပေါင် ၄၂ သန်းကျော်အထိ ဈေးဖွင့်ခြင်း ခံထားရပေမယ့် အသင်းနဲ့ တစ်နှစ်ကျော်သာ ကျန်ရှိတော့တဲ့ စာချုပ်သက်တမ်း အနေအထားအပြင် အသက်အရွယ်ကြောင့် အဆိုပါ ပမာဏထက်များစွာ လျော့ကျလာဖွယ် ရှိနေပါတယ်။
မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသခဲ့တဲ့ ကွင်းလယ် ကစားသမားလေး မိုင်နူးကို ပိုမို ပွဲထွက်ခွင့်ပေးဖို့ ကတိပေးသွားခဲ့ပါတယ်။ ဒါပေမယ့် မိုင်နူးဟာ အင်္ဂလန်အသင်းက အပြန်မှာ ဖျားနာလာခဲ့တာကြောင့် ဒီည ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ပါဝင်ဖို့တော့ မသေချာပါဘူး။
မန်ယူအသင်း ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီကတော့ မန်ယူအသင်းထံ စစရောက်ချင်း ဘောလုံးရာသီက ၎င်းရဲ့ ကစားသမား ဘဝတစ်လျှောက် အဆိုးဝါးဆုံး ရာသီ ဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။