ဘရန့်ဖို့ဒ်နဲ့ သရေပွဲမှာ ရှယ်ချာခဲ့တဲ့ သရဲနီကြယ်ပွင့် တစ်ဦးကို မညှာတမ်း ဝေဖန်ထောက်ပြသွားတဲ့ ရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က စနေနေ့ညက ဘရန့်ဖို့ဒ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပွဲက အာရွန် ဝမ်ဘစ်ဆာကာရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

“မေဆန် မောင့်ဝင်လာတယ်။ သူ အသင်းကို ရောက်လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်အတွက် တစ်ခုခုလုပ်ပြခဲ့တာမျိုး မြင်ရခဲတယ်။ မန်ချက်စတာယူနိုက်တက်သမိုင်းမှာလည်း ကျွန်တော်တို့ တစ်စုံတယောက်က ထွက်ပေါ်လာပြီး သူရဲကောင်းဖြစ်လာတာမျိုး အကြိမ်ပေါင်းများစွာ မြင်ခဲ့ရပြီးပြီ။

မေဆန် မောင့်ရဲ့ အခိုက်အတန့်ကလည်း အဲဒီလို အခိုက်အတန့်တွေထဲက တစ်ခုလို့ ခင်ဗျား ထင်မှာပါ။ ဒါပေမယ့် အရှင်းဆုံးပြောရရင် ၁-၀ နဲ့ အနိုင်ရခဲ့ရင်တောင် ဒါက အရမ်းကို မထိုက်တန်ပါဘူး။ အဲဒီလို ပြောရတာက အရာတော်တော်များများကြောင့်ပါ။

ခင်ဗျား ကိန်းဂဏန်းတွေကို ကြည့်လိုက်။ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာ ဘောလုံးထိတွေ့မှုဘယ်လောက်ရှိလဲ ကြည့်လိုက်။ ဒါပေမယ့် ကျွန်တော်က အသင်းက ဘယ်လောက်အထိ အလုပ်လုပ်လဲ၊ ဘယ်လောက်အထိ ပြေးလွှားလဲဆိုတာကိုပဲ ကြည့်ပါတယ်။

ဘရန့်ဖို့ဒ်က ၅ ကီလိုမီတာနဲ့အထက် ပြေးလွှားခဲ့ပြီး ဒီပွဲနဲ့ပတ်သက်ပြီး ပြောရမယ့် အရမ်းကြီးမားတဲ့ ဇာတ်လမ်းလို့ ထင်တယ်။ သူတို့တွေ ဘောလုံးနောက်ကို သည်းကြီးမည်းကြီး လိုက်ချင်ခဲ့ကြတယ်။ အိုင်ဗန်တိုနီက အားလုံးကို အသာစီးရယူနိုင်ခဲ့တယ်။

ကျွန်တော်တို့ ဗဟိုခံစစ် ၂ ဦးစလုံးကို ပြောင်းလဲခဲ့တယ်။ ပထမပိုင်းအပြီးမှာ တစ်ယောက်။ ပြီးတော့ နောက်တစ်ယောက်။ ၂ ယောက်စလုံး ဒဏ်ရာရသွားခဲ့တယ်။ လူသစ်တွေ ဝင်လာပြီး ဘယ်သူကမှ သူတို့ ကပ်ရမယ့်လူကို မကပ်ကြဘူး။ ဘယ်သူမှလည်း သူတို့ကို လုပ်ဖို့ မျှော်လင့်ထားတဲ့အတိုင်း မလုပ်နေကြဘူး။ အဆင့်အတန်းက နိမ့်လွန်းတယ်။

ကျွန်တော်တို့(သူနဲ့ ဘေးနားက အတူတင်ဆက်သူ အန်ဒီ ကိုး)တုန်းက အသင်းမှာ ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ ကြီးပြင်းခဲ့ရပြီး ခင်ဗျား ကွင်းထဲမှာ လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူခဲ့ရတယ်။ ကျွန်တော်တို့ ၁-၀ နဲ့ ရှုံးရင်ရှုံးမယ်။ သူက အဆင်ပြေတယ်လို့ ပြောလိမ့်မယ်။

ဘာလို့လဲဆိုတော့ စွမ်းဆောင်ရည်ကောင်း ပြနိုင်ခဲ့လို့ပဲ။ ခင်ဗျား ဘရန့်တ်ဖို့ဒ်ရဲ့ ချေပဂိုးမှာ ဝမ် ဘစ်ဆာကာ လုပ်နေတဲ့ပုံကို ကြည့်လိုက်။ ဒါက ကျွန်တော် ခြေစွမ်းအဆင့်အတန်းကို ဆိုလိုတာပါ။ ဝမ်ဘစ်ဆာကာက ဘယ်ဖက်ကို ထွက်နေတယ်။ ဘောလုံးက ဖြတ်တင်လိုက်တော့ အခု သူ့ကို ကြည့်လိုက်။ သူ လမ်းလျှောက်နေတယ်။ လမ်းလျှောက်ပြီးရင် လျှောက်နေတယ်။ သူ ရွရွလေး ပြေးနေတယ်။

အိုင်ဗန် တိုနီက သူသာ နောက်တန်း ၄ ယောက်နောက်ကို လိုက်ခဲ့ရင် လူကျွံနေခဲ့မှာပါ။ အဲဒီကျရင် ဒီဂိုးကဖြစ်လာမှာမဟုတ်ဘူး။ သူ လာနေတဲ့ပုံကို ကြည့်လိုက်လေ။ ကြည့်လိုက်။ ဒါက မန်ချက်စတာယူနိုက်တက်မဟုတ်ဘူး။ ဒါက ဂုဏ်ယူစရာမဟုတ်ဘူး။ ဒါက မြင့်မားတဲ့အဆင့်အတန်းမဟုတ်ဘူး။

ဒါက ခင်ဗျား အလုပ်အပေါ်မှာ အာရုံစိုက်ထားတာမဟုတ်ဘူး။ သူက အသင်းကို ဒုက္ခရောက်စေခဲ့တယ်။ ဒီအတွက် သူ့ကို အပြစ်တင်တာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ သူလုပ်ခဲ့သင့်တာက ရိုးရှင်းတဲ့အရာဖြစ်တဲ့ အာရုံစူးစိုက်မှုပဲ။ သူ မလုပ်ခဲ့ဘူး။ သူတို့တွေ ချေပဂိုး သွင်းသွားခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။