ယူနိုက်တက် ခံစစ် အနေအထားက စိုးရိမ်ဖို့ မလိုကြောင်း ရှင်းပြချက်တွေ ထုတ်လာတဲ့ နည်းပြ တန်ဟက်
ပြီးခဲ့ဲ့တဲ့ စနေနေ့က ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ကန်ချက် ၃၁ ကြိမ်အထိ ခွင့်ပြုခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က အသင်း ခံစစ် အနေအထားနဲ့ပတ်သက်ပြီး မစိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဘရန့်ဖို့ဒ်အသင်းရဲ့တိုင်ထိကန်ချက် ၃ ကြိမ်အပြင် အိုနာနာရဲ့ကာကွယ်မှုကြောင့်သာ ယူနိုက်တက်တို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ တန်ဟက်က အသင်းရဲ့ခံစစ်ပြဿနာနဲ့ ပတ်သက်ပြီး မစိုးရိမ်ကြောင်း ပြောကြားခဲ့သလို ဖရန့်ခ်ရဲ့အသင်းက ကွင်းထဲမှာ မိမိတို့ထက်ပိုကောင်းတဲ့အသင်းဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရလဒ်တွေအပေါ်မူတည်နေတာပါ။ နောက်တစ်ကြိမ်ရှင်းပြပါမယ်။ ကျွန်တော်တို့ ခံစစ်က အကြိမ်ရေတော်တော်များများနိမ့်ကျခဲ့ပါတယ်။ ဘရန့်ဖို့ဒ်က တိုက်ရိုက်ပေးပို့မှုတွေနဲ့ ခြိမ်းခြောက်ခဲ့သလို ဒုတိယဘောလုံးတွေမှာ ကျွန်တော်တို့ အများကြီးဆုံးရှုံးခဲ့ပါတယ်။
ကျွန်တော်တို့မှာ ဂိုးသမားကောင်းတစ်ဦးရှိခဲ့ပြီး သူ့ကြောင့် အဆင်ပြေခဲ့တာပါ။ အဲ့လိုပဲပြောရပါမယ်။ ကျွန်တော်တို့ရလဒ်က ဇန်နဝါရီကနေ စတင်ပြီး တော်တော်လေးတည်ငြိမ်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးကန်သွင်းချက်တွေများခဲ့ပြီး ဂိုးအများကြီးတော့ မပေးခဲ့ရပါဘူး။
ကျွန်တော်တို့အနိုင်ရဖို့ မထိုက်တန်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတစ်လျှောက်လုံးမှာ ကြံ့ခိုင်မှုပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်အားထက်သန်မှုပိုင်းမှာ ဘရန့်ဖို့ဒ်က ပိုကောင်းပါတယ်။ ကျွန်တော်တို့ ပိုကောင်းတဲ့စိတ်အားထက်သန်မှုပြသနိုင်ခဲ့သင့်တာပါ။
လီဗာပူးကို ၄-၃ နဲ့အနိုင်ရတုန်းက အဆင့်အတန်း နဲ့ စွမ်းဆောင်ရည်ကိုတော့ နှိုင်းယှဉ်လို့မရပါဘူး။ ဒါပေမယ့် ကောင်းကောင်းမကစားနိုင်ချိန်မှာတောင် အနိုင်ရနိုင်ချေရှိနေပါတယ်။ အနိုင်ရလဒ်မဖော်ဆောင်နိုင်ခဲ့လို့ ကျွန်တော်အများကြီးစိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ လုံလောက်တဲ့အနေအထားမျိုးမှာရှိမနေခဲ့ပါဘူး။
၁-၀ မတိုင်ခင် ဟွိုက်လန်းတစ်ယောက် အခွင့်အရေးကောင်းရခဲ့ပါတယ်။ ကျွန်တော်တို့ စီနီယာကစားသမားတွေများပြားခဲ့ပေမယ့် လုံလောက်မှုမရှိခဲ့တာကြောင့် တာဝန်အပြည့်အဝယူရမှာပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့မှာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ထိပ်ဆုံး ၄ သင်းနေရာ အတွက် မဖြစ်မနေ အနိုင်ကန်ဖို့ လိုအပ်နေပါတယ်။