ဒီည ချဲလ်ဆီး – မန်ယူပွဲက သရေ မဟုတ်ရင် ဘယ်အသင်း နိုင်မလဲ တခါတည်း မှန်းချက်ထုတ်လာတဲ့ ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်
ဒီညမှာ ယှဉ်ပြိုင် ကစားမယ့် ချဲလ်ဆီး – မန်ချက်စတာယူနိုက်တက် ပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ ကြိုတင် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ယူနိုက်တက်ပရိသတ်အချို့ကတော့ အရင်တုန်းက သူတို့ကို ရှုံးမယ်လို့ ခန့်မှန်းတဲ့အချိန်တုန်းက ကျွန်တော့်ကို နည်းနည်း စိတ်ဆိုးခဲ့ကြပါတယ်။ ဒါပေမယ့် စနေနေ့က ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ ဖြစ်ခဲ့တာတွေက ကျွန်တော်ပြောတာ မမှားဘူးဆိုတာ ပြလိုက်တာပဲ။
မန်ယူနိုက်တက်က အက်ဖ်အေဖလားမှာ လီဗာပူးလ်ကို အနိုင်ယူပြီးတော့ စိတ်ဓာတ်အမြင့်ဆုံးမှာရှိနေခဲ့ပြီးအဲဒီပွဲမှာ သူတို့တွေ ပြန်လာနိုင်ဖို့အတွက် ကြီးမားတဲ့ ဇွဲလုံ့လကို ပြသခဲ့တယ်။ ကျွန်တော် တွေးခဲ့တာက သူတို့တွေ ပျားတွေနဲ့ပွဲမှာ ဒီလိုခြေစွမ်းမျိုးနဲ့ပဲ ကစားသွားမယ်လို့ ထင်ခဲ့တာပါ။
သူတို့တွေ တော်တော်လေး ခြေပျက်နေခဲ့ပြီး မေဆန် မောင့် နာကျင်အချိန်ပိုမှာ ဂိုးသွင်းတဲ့အချိန်မှာ သူတို့တွေ အဝေးကွင်းမှာ အနိုင်ရပြီပေါ့။ ဒီတစ်ကြိမ်မှာတော့ ဘရန့်တ်ဖို့ဒ်က ချေပဂိုးကို ထိုက်ထိုက်တန်တန် သွင်းသွားခဲ့ပြီး မန်ယူနိုက်တက်က တစ်ရာသီလုံး ဒီတိုင်းပဲ ဖြစ်နေခဲ့တာပါ။
သူတို့တွေ ပွဲစကတည်းက ကံကောင်းနေခဲ့တာပါ။ စနေနေ့က ဘန်လေနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲအပါအဝင် ချဲလ်ဆီးနဲ့ပတ်သက်ပြီး ကျွန်တော် ဆက်ပြီး မှားနေသေးတယ်။ ကိုးပါလ်မာက ဆက်ပြီး တောက်ပနေပေမယ့် ကျန်တဲ့တစ်သင်းလုံးက ခြေစွမ်းပုံမှန်မဟုတ်ခဲ့ဘူး။
ချဲလ်ဆီးက အိမ်ကွင်းမှာ တစ်ယောက်လျော့ ဘန်လေကို အနိုင်မယူနိုင်ရင် ဘုရားသခင် ကယ်မှပဲ ရတော့မယ်။ ဒါတွေအားလုံး ထည့်တွက်လိုက်ရင် ဒီပွဲက ခန့်မှန်းဖို့ မဖြစ်နိုင်တဲ့ပွဲပါ။ သရေကျရင်ကျနိုင်တယ်လို့ ခံစားရပေမယ့် ပါလ်မာက ဂိုးသွင်းမှာမို့လို့ ကျွန်တော်ကတော့ ချဲလ်ဆီးဘက်ကပဲ ရှိမှာပါ။
ဆက်တန်ရဲ့ ပွဲပြီး ခန့်မှန်းရလဒ် – ချဲလ်ဆီး ၂-၁ မန်ချက်စတာ ယူနိုက်တက်