ငွေဘယ်လောက်ကုန်ကုန် မန်ယူ အရ ခေါ်ယူရမယ့် ကစားသမား ဖာဒီနန် ဖော်ထုတ် တိုက်တွန်း
မန်ချက်စတာ ယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က အသင်းဟောင်း မန်ယူနိုက်တက် အနေနဲ့ ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ်ကို ဘယ်လောက် ကုန်ကုန် ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
မန်ယူအနေနဲ့ ဘယ်လင်ဟမ်ကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင် ကွင်းလယ်ပိုင်းက အင်အား တောင့်တင်းသွားမှာ ဖြစ်တယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ်။

လတ်တလော အင်တာဗျူးမှာ ဖာဒီနန်က ဘယ်လင်ဟမ်နဲ့ပတ်သက်ပြီး အသက် ၁၈ နှစ်သားဟာ အရာအားလုံးကို လုပ်ဆောင်နိုင်မယ့်သူလို့ ပြောကြားခဲ့ပါတယ်။
“သူက တကယ့် အခွင့်အရေးကောင်းတစ်ရပ်ကိုရရှိထားခဲ့တာပါ။ ကွင်းထဲမှာ သူလုပ်ဆောင်နိုင်သမျှကို အကုန် လုပ်ဆောင်ပါတယ်။ တစ်ပတ်ပြီး တစ်ပတ်လည်း ကစားနိုင်စွမ်းရှိပါတယ်။ တကယ့်ကို အလားအလာရှိပြီး မကြောက်မလန့် ကစားတတ်တဲ့ ကလေးပါ” လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။
မန်ယူက ဘယ်လင်ဟမ်ကို ဘာမင်ဂမ်မှာ ရှိစဉ်တည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒေါ့မွန်ကသာ လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်ကိုပြောင်းပြီးကတည်းက ဘယ်လင်ဟမ်ဟာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ကာ ဥရောပ အကောင်းဆုံး လူငယ် ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က အသင္းေဟာင္း မန္ယူႏိုက္တက္အေနနဲ႔ ေဒါ့မြန္ ၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ဘယ္ေလာက္ ကုန္ကုန္ ေခၚယူသင့္တယ္လို႔ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။
မန္ယူအေနနဲ႔ ဘယ္လင္ဟမ္ကိုသာ ေခၚယူလိုက္ႏိုင္မယ္ဆိုရင္ ကြင္းလယ္ပိုင္းက အင္အား ေတာင့္တင္းသြားမွာ ျဖစ္တယ္လို႔ ဖာဒီနန္က ယုံၾကည္ေနပါတယ္။
လတ္တေလာ အင္တာဗ်ဴးမွာ ဖာဒီနန္က ဘယ္လင္ဟမ္နဲ႔ပတ္သက္ၿပီး အသက္ ၁၈ ႏွစ္သားဟာ အရာအားလုံးကို လုပ္ေဆာင္ႏိုင္မယ့္သူလို႔ ေျပာၾကားခဲ့ပါတယ္။
“သူက တကယ့္ အခြင့္အေရးေကာင္းတစ္ရပ္ကိုရရွိထားခဲ့တာပါ။ ကြင္းထဲမွာ သူလုပ္ေဆာင္ႏိုင္သမွ်ကို အကုန္ လုပ္ေဆာင္ပါတယ္။ တစ္ပတ္ၿပီး တစ္ပတ္လည္း ကစားႏိုင္စြမ္းရွိပါတယ္။ တကယ့္ကို အလားအလာရွိၿပီး မေၾကာက္မလန္႕ ကစားတတ္တဲ့ ကေလးပါ” လို႔ ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။
မန္ယူက ဘယ္လင္ဟမ္ကို ဘာမင္ဂမ္မွာ ရွိစဥ္တည္းက ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေဒါ့မြန္ကသာ လက္ဦးမႈရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ေဒါ့မြန္ကိုေျပာင္းၿပီးကတည္းက ဘယ္လင္ဟမ္ဟာ ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာကို သိမ္းပိုက္ထားႏိုင္ခဲ့ကာ ဥေရာပ အေကာင္းဆုံး လူငယ္ ကစားသမား တစ္ဦး အျဖစ္ သတ္မွတ္ခံထားရပါတယ္။