စူပါဆန်းဒေး အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ယူ – လီဗာပူး ပွဲ အတွက် ခရစ်ဆက်တန်ရဲ့ ဟောကိန်းထုတ်ချက်
မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီတပတ် ပရီးမီးယားလိဂ်မှာ စူပါဆန်းဒေး ပွဲကြီးပွဲကောင်း အဖြစ် လီဗာပူးအသင်းတို့ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တွေ့ရတော့မှာပါ။
ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၉ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ လီဗာပူး ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် အခုလို ထုတ်ထားပါပြီ။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
လီဗာပူးကို ရင်ဆိုင်ရာမှာ ယူနိုက်တက်က တကယ်ကို အားထည့်လာနိုင်ပါတယ်။ အခြားပွဲတွေမှာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဒီပွဲကိုလည်း အဲ့ဒီလို ကစားလာရင် ယူနိုက်တက်ပရိသတ်နေရာမှာ ကျနော်ဆိုရင် သိပ်ကို စိတ်ဆိုးမှာပါ။
ကြားရက်က စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယူနိုက်တက်တို့ ရှုံးနိမ့်တဲ့ပွဲအတွင်း ကွင်းထဲ ကျနော် ရှိနေခဲ့ပါတယ်။ သူတို့အသင်း တိုးတက်လာတယ်လို့ နည်းပြတန်ဟက် ပြောတာကိုလည်း ကြားခဲ့ပါတယ်။
ကျနော်ကတော့ သူတို့ တိုးတက်လာတယ် မမြင်ပါဘူး။ ဂါနာချိုကို အထင်ကြီးပေမယ့် ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းက စိတ်ပူစရာပါပဲ။ လီဗာပူးကို သူတို့ ဟန့်တားနိုင်မယ် မမြင်ပါဘူး။
လွယ်ကူမှာတော့ မဟုတ်ပေမယ့် ဒီရာသီ ယူနိုက်တက်နဲ့ တတိယအကြိမ် ရင်ဆိုင်ရမယ့်ပွဲမှာ ကလော့ပ်တို့အသင်း ကံကောင်းမှာပါ။ အရင် ၂ ကြိမ်ကတော့ လီဗာပူးတို့ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးထားခဲ့ပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၁-၃ လီဗာပူး။