မန်ယူက သူ လုပ်ပေးခဲ့တာတွေ မေ့ပစ်လို့ ဒေါသထွက်ပြီး ရာထူးက မဖယ်လိုတဲ့ ဆိုးရှား
ဆိုးရှားဟာ မန်ချက်စတာ ယူနိုက်တက်နည်းပြရာထူးကနေ နုတ်ထွက်ဖို့အတွက် ငြင်းဆိုခဲ့ပြီး သူ့အနေနဲ့ အသင်းအတွက် လုပ်ပေးခဲ့တဲ့အပေါ်မှာ ဒီထက်မက အသိအမှတ်ပြုခံမှုတွေ ရရှိသင့်တယ်လို့ ဆိုးလ်ရှားက ယူဆနေပြီး ဘုတ်အဖွဲ့ကို ပြန် ဒေါသထွက်နေကြောင်း သိရပါတယ်။
နော်ဝေသား နည်းပြဟာ လီဗာပူးလ်နဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ဖိအားတွေအောက် ရောက်နေခဲ့သူလည်းဖြစ်ပါတယ်။ မန်ယူက လက်ရှိမှာ အဆင့် ၆ နေရာရပ်တည်နေပြီး ဇယားထိပ်ဆုံးက ချယ်လ်ဆီးနဲ့ ၉ မှတ်အထိ ကွာဟနေကာ အသင်းခြေစွမ်းကလည်း အားရစရာမရှိတာကြောင့် ပရိသတ်တွေက ဆိုးလ်ရှားအပေါ်စိတ်ပျက်နေကြပါတယ်။

ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့လို မန်ယူ အဓိက ကစားသမားတွေကလည်း ဆိုးလ်ရှားရဲ့ နည်းစနစ်နဲ့ ပွဲချိန်တွင်း ကိုင်တွယ်ပုံတွေကို သဘောမကျတော့ဘူးလို့သိရပြီး နည်းပြသစ် ခန့်အပ်စေချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ဇီဒန်းနဲ့ သတင်းအကြီးအကျယ်ထွက်ပေါ်နေပြီး တဖက်မှာလည်း ယူနိုက်တက်နောက်ခံလူဟောင်းဖာဒီနန်က ဆိုးလ်ရှားကို ရာထူးကနေ နုတ်ထွက်သွားဖို့အတွက် တိုက်တွန်းမှုတွေပါ ရှိနေခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆိုးလ်ရှားကတော့ အိုးထရက်ဖို့ဒ် နည်းပြရာထူးကနေ ဖယ်ပေးဖို့ ရည်ရွယ်ချက်လုံးဝမရှိဘဲ သူ့အနေနဲ့ အားလုံးကို အလှည့်အပြောင်း လုပ်နိုင်တယ်လို့ ယူဆနေကြောင်း အင်္ဂလန်သတင်းတွေ က ဖော်ပြခဲ့ပါတယ်။
ရာသီ အစပိုင်းသာရှိနေသေးတဲ့အချိန်မှာ သူ့စွမ်းဆောင်ရည်ကိုအကဲဖြတ်ပြီး အခုလိုပြောဆိုနေမှုတွေအပေါ် ဆိုးလ်ရှားက ဒေါသထွက်နေပြီး သူ လုပ်ပေးခဲ့တဲ့အရာတွေကို အားလုံးကမေ့လျော့နေတယ်လို့လည်း ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ အချိန်ပြည့်နည်းပြဘဝမှာ ယူနိုက်တက်ဟာ ဆုဖလားတလုံးမှမရရှိခဲ့ဘဲ ယူရိုပါလိဂ်ဖလား ဒုတိယနေရာသာရရှိခဲ့ပါတယ်။
မန်ယူ အသင်းကို သူ တည်ဆောက်ပေးခဲ့မှုတွေအတွက်လည်း ဆိုးလ်ရှားက အသိအမှတ်ပြုခံချင်နေကာ သူ ဆောင်ရွက်ပေးခဲ့မှုတွေက အသင်းကို တိုးတက်စေခဲ့တယ်လို့လည်း အခိုင်အမာယုံကြည်နေကြောင်း သိရပါတယ်။

ZG
ဆိုးရွားဟာ မန္ခ်က္စတာ ယူႏိုက္တက္နည္းျပရာထူးကေန ႏုတ္ထြက္ဖို႔အတြက္ ျငင္းဆိုခဲ့ၿပီး သူ႔အေနနဲ႔ အသင္းအတြက္ လုပ္ေပးခဲ့တဲ့အေပၚမွာ ဒီထက္မက အသိအမွတ္ျပဳခံမႈေတြ ရရွိသင့္တယ္လို႔ ဆိုးလ္ရွားက ယူဆေနျပီး ဘုတ္အဖြဲ႕ကို ျပန္ ေဒါသထြက္ေနေၾကာင္း သိရပါတယ္။
ေနာ္ေဝသား နည္းျပဟာ လီဗာပူးလ္နဲ႔ မန္စီးတီးကို အိမ္ကြင္းမွာ ဂိုးျပတ္ရႈံးခဲ့ၿပီးေနာက္ ဖိအားေတြေအာက္ ေရာက္ေနခဲ့သူလည္းျဖစ္ပါတယ္။ မန္ယူက လက္ရွိမွာ အဆင့္ ၆ ေနရာရပ္တည္ေနၿပီး ဇယားထိပ္ဆုံးက ခ်ယ္လ္ဆီးနဲ႔ ၉ မွတ္အထိ ကြာဟေနကာ အသင္းေျခစြမ္းကလည္း အားရစရာမရွိတာေၾကာင့္ ပရိသတ္ေတြက ဆိုးလ္ရွားအေပၚစိတ္ပ်က္ေနၾကပါတယ္။
ေရာ္နယ္ဒို၊ ဖာနန္ဒက္စ္တို႔လို မန္ယူ အဓိက ကစားသမားေတြကလည္း ဆိုးလ္ရွားရဲ႕ နည္းစနစ္နဲ႔ ပြဲခ်ိန္တြင္း ကိုင္တြယ္ပုံေတြကို သေဘာမက်ေတာ့ဘူးလို႔သိရၿပီး နည္းျပသစ္ ခန႔္အပ္ေစခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။
ဇီဒန္းနဲ႔ သတင္းအႀကီးအက်ယ္ထြက္ေပၚေနၿပီး တဖက္မွာလည္း ယူႏိုက္တက္ေနာက္ခံလူေဟာင္းဖာဒီနန္က ဆိုးလ္ရွားကို ရာထူးကေန ႏုတ္ထြက္သြားဖို႔အတြက္ တိုက္တြန္းမႈေတြပါ ရွိေနခဲ့ပါတယ္။
ဒါေပမယ့္လည္း ဆိုးလ္ရွားကေတာ့ အိုးထရက္ဖို႔ဒ္ နည္းျပရာထူးကေန ဖယ္ေပးဖို႔ ရည္႐ြယ္ခ်က္လုံး၀မရွိဘဲ သူ႔အေနနဲ႔ အားလုံးကို အလွည့္အေျပာင္း လုပ္ႏိုင္တယ္လို႔ ယူဆေနေၾကာင္း အဂၤလန္သတင္းေတြ က ေဖာ္ျပခဲ့ပါတယ္။
ရာသီ အစပိုင္းသာရွိေနေသးတဲ့အခ်ိန္မွာ သူ႔စြမ္းေဆာင္ရည္ကိုအကဲျဖတ္ၿပီး အခုလိုေျပာဆိုေနမႈေတြအေပၚ ဆိုးလ္ရွားက ေဒါသထြက္ေနၿပီး သူ လုပ္ေပးခဲ့တဲ့အရာေတြကို အားလုံးကေမ့ေလ်ာ့ေနတယ္လို႔လည္း ေျပာဆိုခဲ့ေၾကာင္း The Sun က ေဖာ္ျပခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ အခ်ိန္ျပည့္နည္းျပဘ၀မွာ ယူႏိုက္တက္ဟာ ဆုဖလားတလုံးမွမရရွိခဲ့ဘဲ ယူ႐ိုပါလိဂ္ဖလား ဒုတိယေနရာသာရရွိခဲ့ပါတယ္။
မန္ယူ အသင္းကို သူ တည္ေဆာက္ေပးခဲ့မႈေတြအတြက္လည္း ဆိုးလ္ရွားက အသိအမွတ္ျပဳခံခ်င္ေနကာ သူ ေဆာင္႐ြက္ေပးခဲ့မႈေတြက အသင္းကို တိုးတက္ေစခဲ့တယ္လို႔လည္း အခိုင္အမာယုံၾကည္ေနေၾကာင္း သိရပါတယ္။