လာမယ့် စနေနေ့ ပွဲမှာ မန်ယူအသင်းက စီနီယာ ကစားသမား ၉ ဦးထိ ဒဏ်ရာကြောင့် လွဲချော်မည်
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် စနေနေ့ ဘုန်းမောက်နဲ့ ပွဲမှာ ဒဏ်ရာရ စီနီယာ ကစားသမား ၉ ဦးထိ လွဲချော်ဖွယ် ရှိနေပါတယ်။ မန်ယအသင်းရဲ့ ပြဿနာတွေက မပြေလည်ဘဲ ပိုပြီးသာ တိုးလာနေပါတယ်။
ပြီးခဲ့တဲ့ လီဗာပူးနဲ့ ၂-၂ သရေပွဲ အပြီးမှာ မန်ယူနိုက်တက် ဘက်က ဒဏ်ရာရ ကစားသမား ပိုတောင် တိုးလာတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မားကပ်ရက်ဖို့ဒ်ကိုလည်း အတင်း လူစားလဲခဲ့ရသလို ပွဲ မတိုင်ခင်မှာလည်း မက် တော်မီနေးက ဒဏ်ရာ ရသွားခဲ့ပါသေးတယ်။
အဲဒီမတိုင်ခင် ယူနိုက်တက်မှာ မာတီနက်ဇ်၊ ဗာရမ်း၊ လင်ဒီလော့ဖ်တို့ကလည်း နာထားတာကြောင့် မန်ချက်စတာ ကလပ်မှာ ပြသနာတွေ ပိုများလာနေတာ ဖြစ်ပါတယ်။
ဘုန်းမောက်နဲ့ပွဲမှာ ယူနိုက်တက် ဘက်က ပါဝင်နိုင်မှာ မဟုတ်တဲ့ ကစားသမားတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- Tyrell Malacia (Knee)
- Luke Shaw (Thigh)
- Lisandro Martinez (Calf)
- Victor Lindelof (Thigh)
- Raphael Varane (Ankle)
- Anthony Martial (Groin)
- Marcus Rashford (Unknown)
- Scott McTominay (Knee)
- Jonny Evans (Unknown)
ဒါကြောင့် ဒီလာမယ့် သီတင်းပတ်ကုန်မှာ ယူနိုက်တက်က ဘုန်းမောက်နဲ့ ပွဲမှာ အဓိက first-team ကစားသမားတွေ တော်တော်များများ မပါဘဲ ကစားရဖွယ် ရှိနေပါတယ်။