ဒီည ဘုန်းမောက်ကို အဝေးကွင်းမှာ မန်ယူ ရှုံးမယ် လို့ အပိုင် ဟောကိန်းထုတ်ချလိုက်တဲ့ ဘီဘီစီ ဆရာကြီး ဆက်တန်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ယနေ့ စနေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က ဘုန်းမောက် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာပါတယ်။ ဆက်တန်ကတော့ မန်ယူ ရှုံးမယ်လို့ ခန့်မှန်းထားတာပါ။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဘရန့်ဖိုဒ့်၊ ချယ်ဆီး၊ လီဗာပူးပွဲတွေမှာ သူတို့အသင်း အနိုင်ရသင့်တာလို့ ယူနိုက်တက် နည်းပြ တန်ဟက်က ထုတ်ပြောထားပါတယ်။ အဲ့ပွဲတွေမှာ ယူနိုက်တက်က ဦးဆောင်နိင်ခဲ့ပေမယ့်လို့ အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့ပါဘူး။ သူ ဘယ်ပွဲတွေကို ကြည့်ပြီး ပြောနေတာများလဲလို့ ကျနော် အံ့အားသင့်မိပါတယ်။

ဘုန်းမောက်ဟာ ဒီဇင်ဘာတုန်းက အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီတော့ သူတို့ နှစ်ကျော့လုံး အနိုင်ရအောင် ကြိုးစားနိုင်မလား။ ကျနော်ကတော့ လုပ်နိုင်မယ် ထင်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်တို့ ဂိုးရနိုင်ပါတယ်။ သူတို့မှာ ပြိုင်ဘက်ကို ဒုက္ခပေးပြီး ဂိုးသွင်းဖို့ရာ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေ ရှိထားပါတယ်။ ဒါပေမယ့် ပွဲတိုင်းတော့ အဲ့လို တစ်ဦးကောင်းတွေကို မှီခိုနေလို့ မရပါဘူး။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

ဘုန်းမောက် ၂-၁ မန်ချက်စတာ ယူနိုက်တက် ။