အူဘာကို ချိန်လာတဲ့ မန်စီးတီး၊ လီဗာပူးဘက်က ဒဏ်ရာများနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ် အနေနဲ့ ရီးရဲမက်ဒရစ် ကွင်းလယ်လူ အစ္စကို ခေါ်ယူဖို့အတွက် ဆွေးနွေးလျက်ရှိနေပြီဖြစ်ကြောင်း သတင်းထွက်နေပါတယ်။ အစ္စကိုဟာ နည်းပြ အန်ဆယ်လော့တီလက်အောက်မှာ ၂ပွဲသာ ပွဲထွက်ခွင့်ရထားပြီး အသင်းပြောင်းလိုနေပါတယ်။
လီဗာပူး ကစားသမားဟောင်း ကာရေဂါက သူ့အနေနဲ့ လက်ရှိ အာတီတာရဲ့ အာဆင်နယ်အသင်းကို သဘောကျ စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကို ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးကလည်း ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့ပြီဖြစ်ကြောင်း အပြောင်းအရွှေ့သတင်းတွေက ဖော်ပြထားပါတယ်။ အူဘာမီယန်ကို ဘာစီလိုနာကလည်း ဇန်နဝါရီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

အာဆင်နယ်နဲ့ ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးဘက်က ကွင်းလယ်လူ ဟန်ဒါဆန်နဲ့ နောက်ခံလူ ရော်ဘတ်ဆန်တို့ ပါဝင်နိုင်ဖွယ် မရှိကြောင်း ကလော့ပ်က ဆိုပါတယ်။
ဆောင်းနက်စ်က လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့တစ်ပတ်က ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်နဲ့ပွဲမှာ ဒေါသတကြီး တုံ့ပြန်လာမှာဖြစ်ကြောင်း၊ အာဆင်နယ်ဟာ ပုံစံကောင်းပြနေပေမဲ့ ထိပ်တန်းအဆင့်မှာ မရှိနေကြောင်း သုံးသပ်ခဲ့ပါတယ်
အာဆင်နယ်အနေနဲ့ တောင်ပံကစားသမား ပီပီနဲ့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာတို့အကြား အလဲအထပ် ပြုလုပ်ဖွယ် ရှိနေကြောင်း ပြင်သစ်မီဒီယာက ဖော်ပြထားပါတယ်။

ရိုးမား အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာအာဆင်နယ်ကွင်းလယ်လူ ချာကာကို ပြန်လည် ကြိုးပမ်း သွားနိုင်ဖွယ် ရှိကြောင်း အီတလီ သတင်းတွေက ဖော်ပြထားပါတယ်။
အာဆင်နယ်အနေနဲ့ လီဗာပူးနဲ့ပွဲမှာ စမစ်ရိုဝီနဲ့ ဆာကာတို့လို လူငယ်ကြယ်ပွင့်တွေအပေါ် အလွန်အကျွံ့ အားမကိုးဖို့ လိုအပ်ကြောင်း အာဆင်နယ်နောက်ခံလူဟောင်း ဆက်ဂ်နာက သတိပေးလိုက်ပါတယ်။ ၎င်းတို့ဟာ ၁၉၊ ၂၀ ဝန်းကျင် ကလေးတွေသာ ဖြစ်ပြီး လူတွေက သူတို့ကို ဖိအားများစွာ ပေးနေကြေကြောင်း ဆက်ဂ်နာက ဆိုပါတယ်။