ဒီတကြိမ်တော့ ဘုန်းမောက်ကို ၃-ဝ နဲ့ ရှုံးစရာ အကြောင်း မရှိဘူးလို့ နည်းပြ တန်ဟက် ပွဲကြို စိန်ခေါ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အဲရစ်တန်ဟက်ကတော့ ဒီည ယှဉ်ပြိုင်ကစားသွားမယ့် ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပေါ် အဆင့်သင့်ဖြစ်နေပြီး ပထမအကျော့တုန်းကလည်း သုံးဂိုးပြတ်ရှုံးနိမ့်စရာအကြောင်းမရှိတော့ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်တို့ဟာ ဘုန်းမောက်အသင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အိမ်ကွင်းမှာတောင် သုံးဂိုးပြတ်နဲ့ အရှက်တကွဲ အရေးနိမ့်ထားခဲ့ရတာပါ။

ဒီတကြိမ်တော့ ဒါမျိုး ဖြစ်စရာ အကြောင်း မရှိကြောင်း အဲရစ်တန်ဟက်က ပွဲကြို မှာ အခုလို ပြောဆို ခဲ့ပါတယ်။

” ကျွန်တော်တို့က နှစ်အစတုန်းက ယူနိုက်တက်မဟုတ်တော့ပါဘူး။ ပထမအကျော့မှာ တုန်းက ကျွန်တော်တို့ ကစားပုံပျက်နေပြီး အသင်းလိုက်ဖွဲ့စည်းပုံလည်း ဆိုးရွားနေခဲ့ပါတယ်။

အခုအချိန်မှာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အမြင့်ဆုံးအနေအထားမှာရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နည်းပြတန်ဟက်ပြောသလိုမျိုး ဒီညမှာ အဝေးကွင်းသွားပြီး ဘုန်းမောက်ဆီက ဘယ်နှမှတ် ရယူနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။