စိန့်မေရီ ကွင်းမှာ ဆောက်သမ်တန်ကို မနည်း သရေရအောင် ကစားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်

ပြီးခဲ့တဲ့ အပတ်က လိဒ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲမှာတော့ တော်တော်လေးကို ရုန်းကန်သွားခဲ့ရပါတယ်။

အထူးသဖြင့် မာရှယ် ပါဝင်လာတဲ့ တိုက်စစ်ပိုင်းဟာ ဘာမှကို မလုပ်ပြနိုင်ခဲ့ဘဲ အခက်တွေ့ခဲ့ရကာ ဆိုးလ်ရှားရဲ့ ပြင်သစ်တိုက်စစ်မှူးကို နေရာပေးမှုကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပြီး စိန့်ကတော့ ထုံးစံအတိုင်း သူတို့ကွင်းမှာ ယူနိုက်တက်ကို ဒုက္ခပေးသွားခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ယူနိုက်တက်က အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ပေါ့ဂ်ဘာနဲ့ ဂရင်းဝုဒ်တို့ လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဆောက်သမ်တန်ကတော့ မြန်မြန်ဆန်ဆန်နဲ့ကစားခဲ့ပြီး အိမ်ကွင်းမှာ အကောင်းဆုံးပုံစံကို ပြသခဲ့ကာ ဆိုးလ်ရှားကို သောကတွေပေးခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ ပထမပိုင်းမှာ ချီအဒမ်စ်ရဲ့ ကန်သွင်းချက်က ဖရက်ဒ်နဲ့ထိကာ ဂိုးဝင်ခဲ့ပြီး ဆောက်သမ်တန်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

မာရှယ်ကတော့ ပွဲထွက်ခွင့်ရချိန်မှာ ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ လူပိုသက်သက်ကြီးဖြစ်ခဲ့ရပါတယ်။ အဖွင့်ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ ဖာနန်ဒက်စ်လည်း ရုန်းကန်ခဲ့ရပြီး ချေပဂိုးရဖို့ ယူနိုက်တက်တို့ အသည်းအသန်အားထုတ်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပေါ့ဂ်ဘာရဲ့ ကျားကုတ်ကျားခဲပေးပို့မှုကနေ ဂရင်းဝုဒ်ရဲ့ ကန်သွင်းချက်က ဆောက်သမ်တန်ဂိုးသမားနဲ့ ထိခဲ့ပေမယ့် ဂိုးဝင်ခဲ့လို့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပါတယ်။

အဲဒီနောက်မှာ ပေါ့ဂ်ဘာက နောက်ခံလူတွေကြားက လှလှပပလှည့်ထွက်ပြီး ဘယ်ခြေနဲ့ကန်သွင်းချက်ဟာ မဆိုသလောက်လေးအနေအထားနဲ့ ဂိုးတိုင်နားကကပ်ထွက်ခဲ့လို့ ဆောက်သမ်တန်ကံကောင်းခဲ့ပါတယ်။ ဒီနောက် ဆိုးလ်ရှားက မာရှယ်အစား ဆန်ချိုကိုထည့်သွင်းခဲ့ပြီး ယူနိုက်တက်က ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့ခက်ခဲခဲ့သလို ဆောက်သမ်တန်ရဲ့ ထိုးဖောက်မှုတွေကိုလည်း ယူနိုက်တက်တို့ ခက်ခက်ခဲခဲဟန့်ထားခဲ့ရပါတယ်။

လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်တို့ အနိုင်ဂိုးရဖို့အတွက် အားထုတ်ခဲ့ပေမယ့် ဆောက်သမ်တန်က အကောင်းဆုံးဟန့်တားကစားနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေက ယူနိုက်တက်ကို ပိုပြီးတော့တောင်မှ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဆိုးလ်ရှားအတွက်တော့ စိန့်မေရီကွင်းကနေ ၁-၁ နဲ့ သရေ တစ်မှတ်ရခဲ့တာက တော်ပါသေးရဲ့လို့ ဆိုရမယ့် အနေထားမှာ ရှိနေခဲ့ပါတယ်။

ZG

ျပီးခဲ့တဲ့ အပတ္က လိဒ္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ ေဆာက္သမ္တန္နဲ႔ အေဝးကြင္းပြဲမွာေတာ့ ေတာ္ေတာ္ေလးကို ႐ုန္းကန္သြားခဲ့ရပါတယ္။ အထူးသျဖင့္ မာရွယ္ ပါဝင္လာတဲ့ တိုက္စစ္ပိုင္းဟာ ဘာမွကို မလုပ္ျပႏိုင္ခဲ့ဘဲ အခက္ေတြ႕ခဲ့ရကာ ဆိုးလ္ရွားရဲ႕ ျပင္သစ္တိုက္စစ္မႉးကို ေနရာေပးမႈကေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့ရၿပီး စိန႔္ကေတာ့ ထုံးစံအတိုင္း သူတို႔ကြင္းမွာ ယူႏိုက္တက္ကို ဒုကၡေပးသြားခဲ့ပါတယ္။

ပြဲအစပိုင္းမွာ ယူႏိုက္တက္က အပိုင္အခြင့္အေရးေတြရခဲ့ေပမယ့္ ေပါ့ဂ္ဘာနဲ႔ ဂရင္းဝုဒ္တို႔ လြဲေခ်ာ္ခဲ့လို႔ နစ္နာခဲ့ရပါတယ္။ ေဆာက္သမ္တန္ကေတာ့ ျမန္ျမန္ဆန္ဆန္နဲ႔ကစားခဲ့ၿပီး အိမ္ကြင္းမွာ အေကာင္းဆုံးပုံစံကို ျပသခဲ့ကာ ဆိုးလ္ရွားကို ေသာကေတြေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္းပဲ ပထမပိုင္းမွာ ခ်ီအဒမ္စ္ရဲ႕ ကန္သြင္းခ်က္က ဖရက္ဒ္နဲ႔ထိကာ ဂိုးဝင္ခဲ့ၿပီး ေဆာက္သမ္တန္တို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မာရွယ္ကေတာ့ ပြဲထြက္ခြင့္ရခ်ိန္မွာ ဘာမွမလုပ္ျပႏိုင္ခဲ့ဘဲ လူပိုသက္သက္ႀကီးျဖစ္ခဲ့ရပါတယ္။ အဖြင့္ပြဲမွာ ဟက္ထရစ္ရခဲ့တဲ့ ဖာနန္ဒက္စ္လည္း ႐ုန္းကန္ခဲ့ရၿပီး ေခ်ပဂိုးရဖို႔ ယူႏိုက္တက္တို႔ အသည္းအသန္အားထုတ္ခဲ့ရပါတယ္။ ဒုတိယပိုင္းမွာေတာ့ ေပါ့ဂ္ဘာရဲ႕ က်ားကုတ္က်ားခဲေပးပိုု႔မႈကေန ဂရင္းဝုဒ္ရဲ႕ ကန္သြင္းခ်က္က ေဆာက္သမ္တန္ဂိုးသမားနဲ႔ ထိခဲ့ေပမယ့္ ဂိုးဝင္ခဲ့လို႔ ယူႏိုက္တက္တို႔ ေခ်ပဂိုးရခဲ့ပါတယ္။

အဲဒီေနာက္မွာ ေပါ့ဂ္ဘာက ေနာက္ခံလူေတြၾကားက လွလွပပလွည့္ထြက္ၿပီး ဘယ္ေျခနဲ႔ကန္သြင္းခ်က္ဟာ မဆိုသေလာက္ေလးအေနအထားနဲ႔ ဂိုးတိုင္နားကကပ္ထြက္ခဲ့လို႔ ေဆာက္သမ္တန္ကံေကာင္းခဲ့ပါတယ္။ ဒီေနာက္ ဆိုးလ္ရွားက မာရွယ္အစား ဆန္ခ်ိဳကိုထည့္သြင္းခဲ့ၿပီး ယူႏိုက္တက္က ဖိကစားႏိုင္ခဲ့ေပမယ့္ ဂိုးရဖို႔ခက္ခဲခဲ့သလို ေဆာက္သမ္တန္ရဲ႕ ထိုးေဖာက္မႈေတြကိုလည္း ယူႏိုက္တက္တို႔ ခက္ခက္ခဲခဲဟန႔္ထားခဲ့ရပါတယ္။

လက္က်န္မိနစ္ေတြမွာ ယူႏိုက္တက္တို႔ အႏိုင္ဂိုးရဖို႔အတြက္ အားထုတ္ခဲ့ေပမယ့္ ေဆာက္သမ္တန္က အေကာင္းဆုံးဟန႔္တားကစားႏိုင္ခဲ့ပါတယ္။ သူတို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြက ယူႏိုက္တက္ကို ပိုၿပီးေတာ့ေတာင္မွ ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ဆိုးလ္ရွားအတြက္ေတာ့ စိန႔္ေမရီကြင္းကေန ၁-၁ နဲ႔ သေရ တစ္မွတ္ရခဲ့တာက ေတာ္ပါေသးရဲ႕လို႔ ဆိုရမယ့္ အေနထားမွာ ရွိေနခဲ့ပါတယ္။