သန်း ၈ဝ ထိ သုံးပြီး အဲဗာတန် နောက်ခံလူ ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ပြင်ဆင်နေပါတယ်
မန်ချက်စတာ ယူနိုက်တက်ဟာ ဝဲလ်ကိုစ်ကို အသင်းရဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူအဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားပြီး ရက်ပိုင်းအတွင်း အားကစားဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့ ဆောက်သမ်တန်နှင့် လျော်ကြေးစာချုပ်တစ်ရပ်ကို ပြီးစီးသွားမယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။
ဘရိတ်ဝိတ်ရဲ့ အေးဂျင့် ဒေးဗစ်ရီးဗီးစ် နှင့် ဝဲလ်ကိုစ်တို့ရဲ့ ယခင်က ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် အဲဗာတန် ဗဟိုနောက်ခံလူအားခေါ်ယူရေးမှာ အဆင်မပြေမယ်လို့ ယူနိုက်တက်တို့က ယုံကြည်နေပါတယ်။

ဆာဂျင်ရက်ဖ်ကလစ်ရဲ့ အသင်းအား ပြန်လည်တည်ဆောက်မှုတွင် ယူနိုက်တက်ဟာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို အသင်းရဲ့ ခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် ပါဝင်နေစေချင်တာဖြစ်ပါတယ်။
ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ကျော် ပေးချေရမယ်လို့ ဖော်ပြထားသော်လည်း ယူနိုက်တက်ဟာ အသင်းရဲ့ နောက်တန်း ကို အဆင့်မြှင့်တင်ရန် လိုအပ်နေပါတယ်။
ဘရိတ်ဝိတ်ဟာ အဲဗာတန်အတွက် ဆိုးရွားတဲ့ရာသီမှာ ခြေစွမ်းပြလာသူဖြစ်ပြီး ပြီးခဲ့တဲ့လက ဝင်ဘလေကွင်းတွင် ကစားခဲ့တဲ့ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့ ခြေစမ်းပွဲအတွက် အင်္ဂလန်ရဲ့ လူစာရင်းမှာပါဝင်ခဲ့ပါတယ်။
သို့သော်လည်း ဘရိတ်ဝိတ်ဟာ အရန်ခုံမှာသာရှိခဲ့ပြီး အင်္ဂလန်အတွက် ပွဲဦးထွက်ကို မကစားခဲ့ရပါဘူး။ ဒါပေမယ့် ဗဟိုနောက်ခံလူဟာ အင်္ဂလန်ခံစစ်ရဲ့ အနာဂတ်အဖြစ် တော်တော်များများက မြင်နေကြတာပါ။
သူဟာ အဲဗာတန်ရဲ့ ဆိုးရွားတဲ့ ရာသီမှာ အသင်းအတွက် ၂၈ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ဗဟိုခံစစ်မှူးဟာ တော့တင်ဟမ်နှင့် ၂-၂ ဂိုး သရေကျခဲ့တဲ့ပွဲမှာ နောက်ကျချေပဂိုးကိုသွင်းခဲ့ပြီး အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။