လီဝန်ဒေါစကီး၊ ထရိန်နင်ပြန်ဆင်းနေတဲ့ ဝါနာ၊ ဇီယက်၊ ဖိုဖာနာနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး အသင်းဟာ ဟာကင် ဇီယက်နဲ့ အနာဂတ် ကိစ္စ မဆုံးဖြတ်ရသေးဘဲ ရှိနေပေမယ့် ဇန်နဝါရီမှာတော့ တောင်ပံ ကစားသမားကို အငှားထုတ်ဖို့ တွန့်ဆုတ်နေပါတယ်။
ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် လက်စတာနောက်ခံလူ ပါရဲရားကတော့ သူတို့ အကောင်းဆုံး ပုံစံမှာ ရှိနေပြီလို့ ချဲလ်ဆီးကို သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှုး တီမိုဝါနာ ဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလပြီ ဖြစ်ပြီး အသင်း ထရိန်နင်သို့ ဒီတပတ်ထဲ ပြန် ပူးပေါင်းနိုင်ခဲ့ပါတယ်။ တီမိုဝါနာ မယ်လ်မိုနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာပါ။

မန်ယူနဲ့ ချဲလ်ဆီးတို့ဟာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကို အပြိုင်ကြိုးပမ်းလျက်ရှိနေကြကြောင်း ဂျာမနီ သတင်းက ဖော်ပြထားပါတယ်။ ဘိုင်ယန်အနေနဲ့ လီဝန်ဒေါစကီးကို စာချုပ်သက်တမ်း တိုးနိုင်ခြင်း မရှိသေးဘဲ လီဝန်ဒေါစကီးအနေနဲ့လည်း ပရီးမီးယားလိဂ်မှာ ကစားချင်ကြောင်း ဖွင့်ဟထားခဲ့တာပါ။
ကော်နာ ဂလဲဟားနဲ့ ဘီလီ ဂေးလ်မားတို့ဟာ ဒီရာသီ အငှား ထွက် မကစားခင်က ချဲလ်ဆီး စီနီယာအသင်းကြီးမှာ ပါဝင် နေရာရဖို့ အတော် နီးစပ်ခဲ့ကြောင်း ပီတာချက် က ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။
လက်စတာနည်းပြ ရော်ဂျာက နောက်ခံလူ ဖိုဖာနာနဲ့ ချဲလ်ဆီးတို့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် “ဒီကိစ္စတွေကို ကျွန်တော် မသိပါဘူး”လို့သာ တုံ့ပြန်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဖိုဖာနာကို ခေါ်ယူမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။

ချဲလ်ဆီး ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားအနေနဲ့ လာမဲ့ရာသီမှာ ချဲလ်ဆီးမှာ နောက်တစ်နှစ် ဆက်နေဖွယ် ရှိနေကြောင်း သိရပါတယ်။ လက်ရှိမှာ သီယာဂိုဆေးလ်ဗားအနေနဲ့ ဘရာဇီးကလပ်ဖလူမီနီနဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။