၁၃ နှစ်တာ အတွင်း မရှိဖူးသေးတဲ့ မှတ်တမ်းတစ်ခု ရေးထိုးလိုက်တဲ့ ဆန်ချိုနဲ့ အရှက်ရသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဒေါ့မွန်အသင်းက အက်သလက်တီကို မက်ဒရစ်ကို ၂ ကျော့ပေါင်း ၅-၄ နဲ့ အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီးနောက် ယူနိုက်တက် ကြယ်ပွင့် ဆန်ချိုဟာ ထူးခြားမှတ်တမ်း တစ်ခု ရယူသွားပါတယ်။ ဒါဟာ ယူနိုက်တက် အတွက်တော့ ရှက်စရာ ဖြစ်နေမှာပါ။

ဆန်ချို ဟာ ဒီ ၁၃ နှစ်အတွင်း ဆီမီးဖိုင်နယ်အဆင့်မှာ ကစားနိုင်ခဲ့တဲ့ ပထမဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

အင်္ဂလန်ကြယ်ပွင့်ဟာ နည်းပြ တန်ဟက်နဲ့ ပြဿနာတက်ပြီးကတည်းက လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး ဇန်နဝါရီလမှာ ဒေ့ါမွန်ကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက ဒေ့ါမွန်ကို ပြန်ရောက်ပြီးကတည်းက ပုံမှန်ခြေစွမ်း ပြန်လည်ရှာတွေ့ခဲ့ပြီးနောက် အဓိကကစားသမား ပြန်ဖြစ်လာခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်နိုင်အောင် ကူညီပေးထားပါတယ်။

ဆန်ချိုဟာ အခုဆိုရင်တော့ ၁၃ နှစ်အတွင်း လက်ရှိ မန်ယူနိုက်တက်ကစားသမားတစ်ယောက်မှ မရခဲ့တဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်တဲ့ ကစားသမားဖြစ်လာတော့မှာ ဖြစ်ပြီး သရဲနီတွေ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံးတက်ရောက်နိုင်ခဲ့တာက ၂၀၁၁ ခုနှစ်တုန်းကဖြစ်ပါတယ်။

ဆန်ချိုက အခုဆိုရင် ၂၀၀၈ ခုနှစ်ကတည်းက သရဲနီတို့ မရခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ နောက်ထပ်တစ်ဆင့်ပိုပြီး နီးစပ်လာနေပြီဖြစ်ပြီး ဇေးဗီးယား ဟာနန်ဒက်ဇ်နောက်ပိုင်း အငှားကစားသမားအဖြစ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။