ဆန်ချိုကိစ္စမှာပါ အခရာကျလာမယ့် မန်ယူ နည်းစနစ် ဒါရိုက်တာသစ် ဂျေဆင်ဝဲလ်ကော့စ် ဆိုတာ ဘယ်သူလဲ
မန်ချက်စတာယူနိုက်တက်ဟာ ဂျေဆင်ဝဲလ်ကော့စ်ကို နည်းစနစ်ဒါရိုက်တာ အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဂျေဆင်ဝဲလ်ကော့စ် ဆိုတာ ဘယ်သူလဲ လေ့လာကြည့်ရအောင်ပါ။
အသက် ၅၃ နှစ်ရှိ ဘလက်ဘန်းတောင်ပံကစားသမားဟောင်းဟာ လွန်ခဲ့တဲ့ ၁၉ နှစ်တုန်းက ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပြီး ဘောလုံးစွမ်းဆောင်ရည်ပိုင်း၊ ကစားသမားခေါ်ယူစုဆောင်းရေးနှင့် စီမံရေးတို့အား လုပ်ဆောင်ရပါမယ်။

ဝဲလ်ကော့စ်ရဲ့ အသင်းဟောင်း ဆောက်သမ်တန်က သူတို့ရဲ့ နည်းစနစ်ဒါရိုက်တာအတွက် ယူနိုက်တက်ထံမှ နစ်နာကြေး ရရှိခဲ့ကြောင်း အတည်ပြုထားပါတယ်။
ဝဲလ်ကော့စ်ဟာ ယခင်တုန်းက ဆောက်သမ်တန်တွင် နည်းစနစ်ဒါရိုက်တာအဖြစ်လည်းကောင်း၊ မန်စီးတီးတွင် အကယ်ဒမီ ဒါရိုက်တာ အဖြစ်လည်းကောင်း လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယူနိုက်တက်တွင် နည်းစနစ် ဒါရိုက်တာအဖြစ် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ တွေ့ရှိမှုများအား အားကစား ဒါရိုက်တာကို တင်ပြရပါမယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အားကစားဒါရိုက်တာ ခန့်အပ်ရခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ၎င်းတို့ဟာ နယူးကာဆယ် အားကစား ဒါရိုက်တာ ဒန်အက်ရှ်ဝတ်ကို ခန့်အပ်လာမယ်လို့ ယူဆရပါတယ်။
ဝဲလ်ကော့စ်ရောက်လာမှုနှင့်အတူ ယူနိုက်တက်သို့ ဂျာဒွန်ဆန်ချို ပြန်လည် ရောက်ရှိလာရန် အခြေအနေကောင်းလာပါတယ်။ ၎င်းတို့ဟာ မန်စီးတီးအကယ်ဒမီမှာတုန်းက အတူတကွ အလုပ်လုပ်ခဲ့ကြဖူးပါတယ်။

ဝဲလ်ကော့စ်ဟာ ဒေါ့မွန်တွင် အငှားဖြင့် သွားကစားနေတဲ့ ဆန်ချိုရဲ့ ပရိသတ်တစ်ဦးလို့လည်း ယုံကြည်ရပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်သို့ အငှားဖြင့် ပြောင်းကစားပြီးနောက် ၁၄ ပွဲကစားထားရာတွင် ၂ ဂိုးသွင်းကာ ၂ ကြိမ်ဖန်တီးထားပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်အောင် ကူညီပေးထားပါတယ်။
တဖက်တွင် ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကလည်း ဆန်ချိုအတွက် တံခါးဖွင့်ပေးထားဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။