ရှုံးပွဲတွေ့တဲ့ ဘိုင်ယန်၊ ပထမဆုံးပွဲကို လွဲဦးမယ့် နယူးနည်းပြ ဟိုဝီနဲ့ နံနက်ခင်း သတင်းများ

နိုင်ငံတကာ ရက်သတ္တပတ်တွေ အဆုံးသတ်ပြီး ကလပ်အသင်းပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ နေ့ရက်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဟာ အော့စ်ဘတ် အသင်းကို 2-1 နဲ့ အရေးနိမ့်ပြီး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ခံစစ်မှူး ရာမိုစ့်ဟာ ပီအက်စ်ဂျီအသင်းမှာ လေ့ကျင့်ရေးဝင်ခဲ့ပြီး မက်ဆီနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ရေး ဆင်းခဲ့ပါတယ်။

အိုလေဂန်နာ ဆိုးရှားက ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘရူနို ဖာဒနန်ဒက်စ် အပါအဝင် ယူနိုက်တက် စီနီယာ အသင်းသားတွေနဲ့ အခက်အခဲကာလကို ဘယ်လို ကျော်ဖြတ်ကြမလဲ ဆိုတာ ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ နော်ဝေသားဟာ သူ့ နည်းပြ ရာထူးကို ဒီရာသီ အဖတ်ဆယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်နည်းပြသစ် အက်ဒီဝုဒ်ကတော့ နယူးကာဆယ်ကို ပထမဆုံး ကိုင်တွယ်ရမဲ့ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ အက်ဒီဝုဒ်အနေနဲ့ ကိုဗစ်ကူးစက်ခံလိုက်ရလို့ ဘရန်ုဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမဲ့ပရီးမီးယားလိဂ်ပွဲကို တာဝန်ယူနိုင်တော့မှာ မဟုတ်ပါဘူး။

စပါးနည်းပြသစ် ကွန်တီက လန်ဒန်ကလပ်နဲ့ အတူ သူ့ရဲ့ ရေရှည် အစီအစဉ်ထဲမှာ ဗြိတိန်သား ဂိုးသမား တစ်ဦး ထည့်သွင်းချင်တာကြောင့် ဂျော်ဒန်ပစ်ဖို့ဒ်ကို ပစ်မှတ်ထားလာပါတယ်။

မန်စီးတီး တိုက်စစ်သမား ဖာရန် တောရက်စ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာပြီး ထူထောင်ရေး လေ့ကျင်မှုများ စတင်တော့မှာ ဖြစ်ပါတယ်။ ၎င်းက နယူးရီးယား မတိုင်ခင် ကလပ်အသင်းနဲ့ ပြန် ပါဝင် ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကစားသမား မရောင်းဘဲ ဆန့်ကျင်ခြင်း ခံရဖွယ် ရှိတာကြောင့် ပြည်ပ ကစားသမားများကို ပစ်မှတ်ထား ရှာဖွေနေပြီး ဒေါ့မွန် ကွင်းလယ် အိပ်ဇယ် ဝစ်ဆယ်ကို ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။

မန်ယူနိုက်တက် အနေနဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ငွေဘယ်လောက် သုံးရ သုံးရ၊ ရအောင် ခေါ်ယူလိုက်ဖို့ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။

ကော်နာ ဂလဲဟားနဲ့ ဘီလီ ဂေးလ်မားတို့ဟာ ဒီရာသီ အငှား ထွက် မကစားခင်က ချယ်ဆီး စီနီယာအသင်းကြီးမှာ ပါဝင် နေရာရဖို့ အတော် နီးစပ်ခဲ့ကြောင်း ပီတာချက် က ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။