ရာသီကုန်ထိ မန်ယူ အနိုင်ချည်းပဲ မှန်းတော့မယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ မန်ယူ – ရှက်ဖီး ပွဲကြို သုံးသပ် ဟောကိန်းထုတ်ချက်

ဒီကြားရက် ပရီးမီးယားလိဂ်ပွဲတွေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် က ရှက်ဖီး အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲချိန်ကတော့ မနက်ဖြန် ဗုဒ္ဓဟူးနေ့ည ၁ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က မန်ချက်စတာ ယူနိုက်တက် နဲ့ ရှက်ဖီး ယူနိုက်တက် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာပါတယ်။ ဆက်တန်ကတော့ အခုကနေ ရာသီကုန်ထိ မန်ယူ အနိုင်ချည်းပဲ မှန်းပြီ လို့ ကြိုပြောလိုက်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ကျွန်တော် ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အနိုင် လို့ ခန့်မှန်းချင်ပါတယ်။ တွစ်တာမှာ ကျွန်တော်ကို အတော်ကြီး တိုက်ခိုက်နေတဲ့ တစ်ယောက် ရှိပါတယ်။

ဒါကြောင့် ရာသီကုန်ထိ မန်ချက်စတာ ယူနိုက်တက်ကို အနိုင် ပဲ မှန်းတော့မယ်လို့ ကျွန်တော် သူ့ကို ကတိပေးလိုက်တယ်။ အဲဒါ အက်ဖ်အေဖလားမှာ ကွန်ဗန်ထရီက နိုင်မယ် လို့ ခန့်မှန်းပြီးတဲ့ နောက်မှပါ။

ကွန်ဗန်ထရီနဲ့ ပွဲခန့်မှန်းကလည်း ကျွန်တော် မှန်လုနီးပါး ရှိခဲ့တယ်နော်။ သီသီလေးပဲ ကပ်လွဲသွားတာ။ ကွန်ဗန်ထရီဘက်က ယူနိုက်တက်ကို အများကြီး တုန့်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ ယူနိုက်တက်တို့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

နည်းပြတန်ဟက်တို့အတွက် ဒီပွဲက သိပ်ကောင်းတဲ့ ပွဲတော့ ဖြစ်လာဖို့ မရှိပါဘူး။ သူတို့ ရင်ဆိုင်ရမယ့်အသင်းဟာ တန်းဆင်းဇုန်မှာ ရှိနေတာမို့ ရှုံးလို့ မရမယ့် အသင်းမျိုး ဖြစ်နေပါတယ်။

ယူနိုက်တက် ကစားသမားတွေက နောက်ထပ် သက်သက်သာသာ ပွဲတစ်ပွဲ ကစားရဖို့ မျှော်လင့်နေကြမှာပါ။ သူတို့ ရှက်ဖီးကို အနိုင် ရသင့်တာကတော့ သိပ်သေချာပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၂-ဝ ရှက်ဖီး ယူနိုက်တက်။