ဒီညတော့ မန်ယူ ဂိုးပြတ် နိုင်မှာပါ ဆိုတဲ့ ဆရာကြီး ပေါမာဆန်ရဲ့ ရှက်ဖီးနဲ့ ပွဲကြို သုံးသပ် ဟောကိန်းထုတ်ချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီကြားရက် ပရီးမီးယားလိဂ်မှာတော့ ရှက်ဖီးယူနိုက်တက် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ ဗုဒ္ဓဟူးနေ့ည ၁ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန် က မန်ချက်စတာ ယူနိုက်တက် နဲ့ ရှက်ဖီး ယူနိုက်တက် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ယူနိုက်တက်တို့ ဒီပွဲကို နိုင်သွားမှာပါ။ သူတို့အတွက် အသက်ရှုချောင်စေမယ့် ရလဒ်မျိုး ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့အသင်းက အပြောင်းအလဲတွေ လိုအပ်နေပါတယ်။

ကိုဗန်ထရီနဲ့ ပွဲမှာ သူတို့ရဲ့ စွမ်းဆောင်ရည်က ညံ့ပါတယ်။ အက်ဖ်အေဖလား ဖိုင်နယ်ကို ပင်နယ်တီနဲ့ တက်သွားပေမယ့် သူတို့ ဆင်ခြေပေးလို့ မရပါဘူး။ တန်ဟက်ကလည်း ဖိအားတွေရှိနေပြီး ရာသီကုန်ရင် ထုတ်ခံရနိုင်ပါတယ်။

ဟွိုင်လန်းရဲ့ ပင်နယ်တီ ဝင်သွားပြီးတဲ့နောက် မက်ဂွဲရားနဲ့ အန်တိုနီတို့ကို ကြည့်ရင် တစ်ယောက်က အရမ်းပျော်နေပြီး တစ်ယောက်က စိတ်ပျက်နေတယ်။ ဘရာဇီးကလာတဲ့ လူငယ်လေးကတော့ ဝင်ဘာလေမှာ ဖိုင်နယ်ပွဲကြီး ကစားရမှာကို သိပ်ပျော်နေဟန် ရှိပါတယ်။

ရှက်ဖီး ယူနိုက်တက်က တန်းဆင်းသွားတော့မှာပါ။ ဘန်လေပွဲမှာတည်းက သူတို့ လက်လျော့ခဲ့ကြပါပြီ။ ဒါကြောင့် အိုးထရတ်ဖိုဒ့်မှာ သူတို့ ဘာအခွင့်အရေးမှ ရဖို့ မရှိပါဘူး။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၃-ဝ ရှက်ဖီး ယူနိုက်တက်။