မန်ချက်စတာ ယူနိုက်တက်ကို ဒီရာသီ အဆင့် ၄ ရမယ် လို့ ယုံကြည်စွာ မှန်းချက်ထုတ်လိုက်တဲ့ ဂျွန်တယ်ရီ
ချဲလ်ဆီး အသင်း ရဲ့ ဂန္တဝင် နောက်ခံလူ ဂျွန်တယ်ရီ က ဒီရာသီ ပရီးမီးယားလိဂ် ရာသီသိမ်းချိန်မှာ ဘယ်အသင်းတွေ ဘယ် အဆင့်တွေ ရှိနေမလဲ ဆိုတာ သုံးသပ် ခန့်မှန်းချက် ထုတ်လာပါတယ်။
တယ်ရီက ချန်ပီယံဆုကို မန်ချက်စတာ စီးတီး အသင်းပဲ ဆက်လက် သိမ်းပိုက် သွားလိမ့်မယ်လို့ ခန့်မှန်း လိုက်ပြီး အာဆင်နယ် အသင်းကတော့ အဆင့် ၃ နဲ့ ပဲ ရာသီသိမ်းလိုက်မယ်လို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကိုတော့ အဆင့် ၄ နေရာ ရမယ်လို့ တယ်ရီက ခန့်မှန်းလိုက်ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၁၃ မှတ်အကွာမှာ ရပ်တည်နေပြီး လက်ထဲ ပွဲကျန် ကစားဖို့ ၁ ပွဲ ကျန်နေသေးတာဖြစ်ပါတယ်။
ဒါ့အပြင် မန်ယူက အဆင့် ၅ နေရာက တော့တင်ဟမ်နဲ့ ၇ မှတ်ကွာဟနေပြီး စပါးကတော့ မန်ယူအသင်းထက် တစ်ပွဲ ပိုလျော့ ကစားထားဆဲ ဖြစ်ပါတယ်။ ဂျွန်တယ်ရီက တော့တင်ဟမ်စပါး အနေအထားကို ခန့်မှန်းဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒီတစ်ပတ်မှာပဲ ပရီးမီးယားလိဂ် ရဲ့ Hall of Fame ထဲ ထည့်သွင်း ခံခဲ့ရတဲ့ ဂျွန်တယ်ရီ က blind ranking challenge တွင် ပရီးမီးယားလိဂ် Top 4 ကို ရွေးချယ်ရာမှာ မန်စီးတီး ကို အဆင့် ၁ ၊ လီဗာပူး ကို အဆင့် ၂ ၊ အာဆင်နယ် ကို အဆင့် ၃ ၊ မန်ချက်စတာ ယူနိုက်တက် ကို အဆင့် ၄ အဖြစ် ရွေးချယ် သွားခဲ့တာပါ။
ဒါ့အပြင် တယ်ရီ က ရွှေဖိနပ်ဆု ရမယ့် ဂိုးသွင်း အများဆုံး ကစားသမား နေရာမှာ ဝက်ကင်းစ် ကို ရွေးချယ် သွားခဲ့ပါတယ်။