မန်ချက်စတာမှာ မဟန်တော့တဲ့ အဲရစ် တန်ဟတ် က နေရာဟောင်း အေဂျက်ဆီ ပြန်မှာလား..
မန်ချက်စတာ ယူနိုက်တက် အသင်းမှ အထုတ်ခံရဖို့ ရေပန်းစားတဲ့ တန်ဟတ် တစ်ယောက် အသင်းဟောင်း အေဂျက်ထံ ပြန်လည် သွားရောက် နည်းပြဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အေဂျက်နဲ့ အမှတ်ပေးဖလား ၃ ကြိမ်အထိ ရယူပေးခဲ့ဖူးတဲ့ တန်ဟတ် ဟာ ၎င်းလက်ထက်တုန်းက ကစားသမားကောင်းများစွာ မွေးထုတ်ပေးခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး ၎င်းမရှိတော့တဲ့ နောက်ပိုင်းကတည်းက အေဂျက်ရဲ့ အနေအထားက ပိုမို ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ အေဂျက်က နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေပြီ ချဲလ်ဆီး နည်းပြဟောင်း ပေါ်လ်တာ၊ နိုက်စ် နည်းပြ ဖာရီအိုလီ တို့နဲ့အတူ တန်ဟတ် က ရေပန်းစားနေတာ ဖြစ်ပါတယ်။
အေဂျက်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက တန်ဟတ် ရဲ့ ၂၀၁၈-၁၉ ရာသီဟာ အထူးပြောင်မြောက်ခဲ့ပြီး ၎င်းတို့အသင်းရဲ့ ကစားဟန်က ပရိသတ်တွေအတွက် အထူးနှစ်ခြိုက်စရာ ဖြစ်ခဲ့တာကြောင့် ဥရောပတစ်ခွင် ပရိသတ်များစွာ ရရှိခဲ့ဖူးပါတယ်။
လက်ရှိ မန်ယူအသင်းမှာတော့ တန်ဟတ် တစ်ယောက် အေဂျက်နဲ့ ပြသခဲ့တဲ့ ကစားကွက်၊ စွမ်းဆောင်ရည်တွေ ပြန်လည် ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ဥရောပ ဝင်ခွင့်နဲ့တောင် ဝေးကွာနေတာကြောင့် ရာသီကုန် အသင်းဟောင်းထံ ပြန်လည် သွားရောက် တာဝန်ထမ်းဆောင်ဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။