နည်းပြ တန်ဟက်ရဲ့ အကွက်တွေကို စိတ်ပျက်ကြောင်း အမူအယာနဲ့ ပြသလာတဲ့ တိုက်စစ်မှုး ဟွိုင်လန်း

ပြီးခဲ့တဲ့ စနေနေ့က ဘန်လေနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း လူစားလဲခြင်း ခံခဲ့ရတဲ့ မန်ယူအသင်း တိုက်စစ်မှူးဟွိုင်လန်း တစ်ယောက် နည်းပြကို မကျေနပ်တဲ့ အမူအရာမျိုး ပြသခဲ့တာကြောင့် ပြန်လည် မျှဝေသူတွေ များပြားနေပါတယ်။

ဘန်လေ နဲ့ သရေကျခဲ့တဲ့ပွဲမှာ ဟွိုင်လန်းနဲ့ မိုင်နိုးတို့ ၂ ယောက်စလုံး ၆၅ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ၎င်းတို့ ၂ ယောက် ထွက်ခွါပြီးနောက်မှသာ အန်တိုနီရဲ့ ဦးဆောင်ဂိုးနဲ့ မန်ယူတို့ စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်ယူအသင်းဘက်ကို ဘန်လေတို့ ချေပဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပြီး သရေတစ်မှတ်သာ ရယူနိုင်ခဲ့တာကြောင့် ဥရောပ ဝင်ခွင့်နဲ့ မန်ယူတို့ အတော်လေးကို ဝေးကွာသွားခဲ့ရပြန်ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ရဲ့ လူစားလဲမှုက ဟော့ဂျ်လန်းအတွက် အမှန်တကယ် စိတ်အနှောက်အယှက် ဖြစ်စေခဲ့ပြီး တိုက်စစ်မှုး ဟွိုင်လန်း ကိုယ်တိုင်က တန်ဟတ် လာမယ့်ရာသီ အသင်းမှာ ဆက်ရှိစေနိုင်မယ့် အဓိက ထောက်ခံသူ တစ်ယောက်ဖြစ်နေတာကြောင့် တန်ဟတ် ရဲ့ ဆုံးဖြတ်ချက်ကို ဟော့ဂျ်လန်း နားမလည်နိုင် ဖြစ်ခဲ့ရဟန် ရှိနေပါတယ်။

တန်ဟတ် ကတော့ အဆိုပါ လူစားလဲမှုနဲ့ ပတ်သက်ပြီး မည်သည့် မှတ်ချက်မှ မပေးခဲ့သလို ဟွိုင်လန်းကိုလည်း ပြစ်တင် ပြောဆိုမှုတွေ မပြုလုပ်ခဲ့ပဲ ကစားကွက်အရ လူစားလဲခဲ့ခြင်း ဖြစ်ကြောင်း ပွဲအပြီး ပြန်လည် ပြောဆိုသွားခဲ့ပါတယ်။