ပဲလေ့စ်ကို မန်ယူ ရှုံးဦးမယ် လို့ ဟောကိန်းထုတ်လာတဲ့ ဂန်းနားဟောင်း ဆရာကြီး ပေါမာဆန်

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် က ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲကတော့ လာမယ့် အင်္ဂါနေ့ နံနက် ၁နာရီခွဲ အချိန်မှာ ကစားကြမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲ သုံးသပ်သူ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ပဲလေ့စ် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာပါတယ်။

ပေါမာဆန် ရဲ့ ပွဲကြို သုံးသပ်ချက်

ပေါမာဆန်က ” Eze နဲ့ Olise ကြံ့ခိုင်မှု ပြည့်နေရင် ပဲလေစ့်က ယူနိုက်တက်ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ဒီတလော သရဲနီတို့ရဲ့ ပွဲတွေကို ကြည့်မိသူတိုင်း ကျနော် ပြောတာကို လက်ခံကြမယ် ထင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းကြီးဆိုပေမယ့် သိပ်ကောင်းနေတဲ့ အသင်းတော့ မဟုတ်ပါဘူး။ သူတို့လို အနေအထားနဲ့ သင့်လျော်တဲ့ အသင်းတစ်သင်း အခြေအနေမှာ ရှိမနေပါဘူး။ ဒီပွဲကို ယူနိုက်တက်တို့ အနိုင်ရရင် အံ့ဩမိမှာပါပဲ။

ယူနိုက်တက်ဟာ ဒီနွေမှာ ရက်ဖိုဒ့်ကို ရှင်းထုတ်မယ် သတင်းကြီးနေတယ်။ သူ့အတွက် ကလပ်တွေက များပြားတဲ့ ပြောင်းရွှေ့ကြေး ပေးမယ် မထင်ပါဘူး။ ဒီနွေမှာ သူ့ရဲ့ အပြောင်းအရွှေ့ ဖြစ်မယ် မထင်မိပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်

ခရစ္စတယ် ပဲလေစ့် ၂-၁ မန်ချက်စတာ ယူနိုက်တက် ။