ဟွိုင်လန်း ကို လိုချင်လွန်းလို့ ခေါ်ခဲ့တာ မဟုတ်ဘူး၊ တကယ့် ပစ်မှတ်က မရလို့ ဆိုတဲ့ နည်းပြ တန်ဟတ်

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ ၎င်းရဲ့ အဓိက ပစ်မှတ်ဟာ ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဟယ်ရီကိန်းဖြစ်ပြီး ပြီးခဲ့တဲ့နွေ ခေါ်ယူခဲ့တဲ့ ဟွိုင်လန်း ကတော့ ဒုတိယ ပစ်မှတ် အဖြစ်သာ မရှိသုံး ခေါ်ခဲ့ရတာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပေါင် သန်း ၁၀၀ ကျော်အထိ ပေးချေကာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ် ကလပ်အသင်းတွေထံ မပြောင်းရွှေ့လိုခဲ့တာကြောင့် ဘိုင်ယန် အသင်းက ပေါင် သန်း ၁၀၀ နဲ့ ခေါ်ယူခွင့် ရရှိခဲ့ပါတယ်။

ဘိုင်ယန်အသင်း ရလဒ်ဆိုးတွေ ကြုံတွေ့နေရပေမယ့် ဟယ်ရီကိန်းကတော့ စံချိန်တင် သွင်းဂိုးတွေ သွင်းယူနေဆဲ ဖြစ်ပြီး တန်ဟတ်ဂ် ကိုယ်တိုင်ကလည်း ဟယ်ရီကိန်းဟာ ၎င်းအကြိုက် တိုက်စစ်မှူး ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

တန်ဟတ် က “ မန်ယူအသင်းအတွက် ကစားပေးရမယ့် တိုက်စစ်မှူးမျိုးဆိုတာက တော်တော်လေးကို ကောင်းမွန်ပြည့်စုံနေရပါလိမ့်မယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုရော စိတ်ဓါတ် ကြံ့ခိုင်မှုမျိုးရော အားလုံး ပြည့်စုံနေရပါလိမ့်မယ်၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကို ပြန်ကြည့်ရင်တော့ အဲ့ဒီလို ကစားသမားမျိုး ကျွန်တော်တို့ မခေါ်နိုင်ခဲ့ကြပါဘူး။

အခု ခေါ်ခဲ့လိုက်တဲ့ ဟွိုင်လန်း ကတော့ အနီးစပ်ဆုံးလို့ ပြောလို့ရပါတယ်၊ ကျွန်တော်တို့ တကယ်လိုချင်တဲ့ ကစားသမားကို မခေါ်နိုင်ခဲ့ဘူးဆိုတာ ခင်ဗျားတို့လည်း သိပြီးကြမှာပါ၊ သူ့ကို မခေါ်နိုင်လို့ ကျွန်တော်တို့ ဟွိုင်လန်း ကို ရအောင် လိုက် ခေါ်ယူခဲ့ရပါတယ်၊ ဟွိုင်လန်း ကလည်း အလားအလာကောင်းတွေ အများကြီးရှိတဲ့ လူငယ်ကြယ်ပွင့် တစ်ယောက်ပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းကိုသာ ကိန်း ဦးဆောင်ခွင့် ရရှိခဲ့ပါက မန်ယူအသင်းရဲ့ရပ်တည်မှု အနေအထားက များစွာ ကွာခြားနေဦးမှာ ဖြစ်ပြီး လက်ရှိ အသင်းတိုက်စစ်ပိုင်း အဓိက ဦးဆောင်သူ မရှိဖြစ်နေတာကြောင့် တန်ဟတ် တစ်ယောက် ယခုလို ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။