ရာသီကုန်ထိ သွားမယ့် မက်ဂွဲရား ဒဏ်ရာ၊ ဘရိတ်ဝိတ် ကို အလိုက်ပေး ကမ်းလှမ်းလိုခြင်း၊ ဆန်ချို ဆွေးနွေးမှု၊ ကာရင်တန် ပြင်ဆင်မှုနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

မန်ယူအသင်း နောက်ခံလူ မက်ဂွဲရား ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရမှာ ဖြစ်ပါတယ်။ သီတင်းပတ် ၃ ပတ်လောက် ကြာနိုင်မယ့် ဒဏ်ရာ ဖြစ်တာကြောင့် မေ ၂၅ ရက် ကစားမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲကိုပါ မက်ဂွဲရား လွဲရဖွယ် ရှိပါတယ်။

မန်ယူအသင်းဟာ ၎င်းတို့ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို အသစ်ကနေ ပြန်လည် ပြုပြင်တည်ဆောက်ဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ အသင်းထံ နောက်ထပ် လူသစ် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပေးဖို့ အလိုရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ရာသီတွင် အိုးထရက်ဖို့ဒ်သို့ ဂျာဒွန်ဆန်ချိုကို ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လာပါတယ်။

ဒေါ့မွန်အသင်းဘက် ကတော့ မန်ယူအသင်း တောင်ပံ ကစားသမား ဆန်ချိုကို ထပ်မံအငှားခေါ်ယူဖို့ ဆန္ဒရှိနေသလို အပြီးသတ်လည်း ခေါ်ယူလိုနေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းဟာ အဲဗာတန် အသင်းနောက်ခံလူ ဘရိတ်ဝိတ်ကို ခေါ်ယူဖို့အတွက် အသင်းနောက်ခံလူ မက်ဂွဲရား ကို အလိုက်ပေး ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂီတာဖေးမှာ အငှားချထားတဲ့ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို နောက်ထပ်တစ်ရာသီအငှားချဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး လူငယ်ကစားသမားဟာ လာလီဂါမှာ ခြေစွမ်းပြသထားနိုင်တာကြောင့် ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရပါတယ်။